ဆင်မုဆိုးများ သတ်ဖြတ်ပြီး ဆင်စွယ်နှင့် အရေခွံခွာထားသည့် ဆင်သေ တွေ့ရှိ
DVB
·
March 14, 2018
ငပုတောမြို့နယ် သစ်တောကြိုးဝိုင်းတခုအတွင်းမှာ ဆင်မုဆိုးတွေ သတ်ဖြတ်ပြီး အရေခွံခွာထားတဲ့ ဆင်သေတကောင်ကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ မြစ်တစ်ရာ သစ်တောကြိုးဝိုင်းအကွက်(၂၇၁) ကမ်းပါးလွတ်ချောင်းဖျားမှာ တောဆင်ရိုင်း ၁ ကောင် သေဆုံးနေကြောင်း မတ် ၁၃ ရက်နေ့ မနက်ပိုင်းက သတင်းရရှိလို့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ငပုတောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်သစ်တောဦးစီးဌာ ဝန်ထမ်းတွေနဲ့ ကျေးရွာတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ရာ လွန်ခဲ့သော ၃ ရက်လောက် ဆင်မုဆိုးတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ် ဆင်ထီး ၁ ကောင်အား အရေခွံတွေ ခွာထားပြီး အစွယ် ၂ ချောင်း ချွတ်ယူထားတာကို တွေ့ရှိရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဆင်သေကောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သတ်ဖြတ်သူတွေကို အရေးယူထားတယ်လို့ သိရပါတယ်။
Photo : ရဲဇာနည်