DVB Logo
Home
မြန်မာသတင်း
မိုး​စပါး​စိုက်ပျိုး​ရေး​မှာ ကြုံ​တွေ့​နိုင်သည့်​ အခက်အခဲများ​ ​ဆွေး​နွေး
DVB
·
May 24, 2012
မိုး​စပါး​စိုက်ပျိုး​ရေး​မှာ ကြုံ​တွေ့​နိုင်သည့်​ အခက်အခဲများ​ ​ဆွေး​နွေး
Donate to DVB

လာမယ့်​ မိုး​ရာသီ စပါး​စိုက်ပျိုး​ရေး​မှာ ကြုံ​တွေ့​ရနိုင်မယ့်​ အခက်အခဲများ​ ဆိုင်ရာ ​ဆွေး​နွေး​ပွဲတခုကို ​မေ ၂၄ ရက်က ရန်ကုန် ​ရွှေဂုံတိုင်ရှိ ​တော်ဝင်နှင်း​ဆီခန်း​မမှာ ဒီ​နေ့​ ပြုလုပ်ပါတယ်။

ဒီ​ဆွေး​နွေး​ပွဲကို ထွန်း​လွင်​ဖောင်​ဒေး​ရှင်း​က စီစဉ်ကျင်း​ပတာဖြစ်ပြီး​၊​ ရာသီဥတုနဲ့​ စိုက်ပျိုး​သီး​နှံ နှစ်ခု​ပေါင်း​ပြီး​ တွက်ထုတ်လို့​ ဖြစ်​ပေါ်လာနိုင်တဲ့​ ဆုံး​ရှုံး​မှု​တွေ၊​ ပြဿနာ​တွေကို ပြသနိုင်ဖို့​ ​ဆွေး​နွေး​ပွဲ ကျင်း​ပရတာလို့​ ဦး​ဆောင်စီစဉ်သူ ဦး​ထွန်း​လွင်က ​ပြောပါတယ်။

ဆွေး​နွေး​ပွဲမှာ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်နဲ့​အတူ စိုက်ပျိုး​ရေး​ပညာရှင် ​ဒေါက်တာထွန်း​ဝင်း​နဲ့​ ဆန်စပါး​လုပ်ငန်း​အသင်း​က ​ဒေါက်တာစိုး​ထွန်း​တို့​ ပါဝင်​ဆွေး​နွေး​ခဲ့​ကြပြီး​ ရာသီဥတု၊​ စိုက်ပျိုး​ရေး​နဲ့​ စီး​ပွား​ရေး​ စတာ​တွေတို့​ သုံး​ဦး​ သုံး​ဖလှယ် ​ဆွေး​နွေး​ခဲ့​ကြတာ ဖြစ်ပါတယ်။

ဆွေး​နွေး​ပွဲ ကျင်း​ပရတဲ့​ ရည်ရွယ်ချက်ကို ဦး​ထွန်း​လွင်က “မိုး​လေဝသခန့်​မှန်း​ချက် ရာသီဥတု ကျ​နော်က​ပေး​တယ်။ လယ်သမား​ကို တကယ်တမ်း​ကျ​တော့​ ဒီတိုင်း​ချပြလိုက်ရင် လယ်သမား​က ဘာလုပ်ရမှန်း​မသိဘူး​။ မိုး​များ​မယ်၊​ နည်း​မယ် ​ပြောရုံနဲ့​ လယ်သမား​အတွက် အကျိုး​မဖြစ်ထွန်း​ဘူး​။ အကျိုး​ဖြစ်ထွန်း​ဖို့​အတွက် လယ်သမား​နဲ့​ ပတ်သက်တဲ့​ အကြံပြုချက်တခုကို ထုတ်ပြန်​ပေး​နိုင်မှ ကိုက်လိမ့်​မယ်။ အဲဒါက​တော့​ စိုက်ပျိုး​ရေး​ ကျွမ်း​ကျင်တဲ့​လူက ရာသီဥတု ခန့်​မှန်း​ချက်​ပေါ်မူတည်ပြီး​ ဘာစိုက်သင့်​တယ်၊​ ဘယ်အချိန်စိုက်သင့်​တယ် ဆိုတာမျိုး​ ​ပေး​နိုင်​အောင်အထိ ရည်ရွယ်ချက်နဲ့​ ဒါကိုလုပ်တာဖြစ်ပါတယ်။”

အစိုး​ရပိုင်း​က သတင်း​စာ​တွေမှာ မိုး​ဦး​ကာလမှာ ​ဆောင်ရွက်သင့်​တဲ့​ အချက်​တွေကို ​ဖော်ပြ​နေပါတယ်။ သူတို့​ဘက်က လုပ်​ဆောင်သွား​မယ့်​ အပိုင်း​တွေနဲ့​ ပတ်သက်လို့​လည်း​ ဦး​ထွန်း​လွင်က အခုလို​ပြောပါတယ်။

“သူတို့​ပြောတာက ​ယေဘုယျပဲ ​ပြောမယ်လို့​ ကျ​နော်တို့​ ထင်တယ်၊​ ဥပမာ ကျ​နော်တို့​က မိုး​ဦး​မှာ မိုး​နည်း​မယ် ကျ​နော်​ပြော​တော့​မယ်။ အဲဒီလို မိုး​နည်း​မယ်ဆိုရင် လယ်သမား​တွေ ဘာလုပ်မလဲ၊​ ဘယ်အချိန်စိုက်မလဲ။ ဘာစိုက်မလဲ၊​ တိတိကျကျ ​ပြောနိုင်​အောင်၊​ တနည်း​ပြောရင်​တော့​ ကျ​နော်တို့​ နိုင်ငံခြား​မှာ သုံး​နေတဲ့​ crop weather model ​ပေါ့​။ crop နဲ့​ weather ၂ ခု​ပေါင်း​ပြီး​ တွက်ထုတ်တဲ့​၊​ ဖြစ်လာနိုင်တဲ့​ ဆုံး​ရှုံး​မှု​တွေ၊​ ပြဿနာ​တွေ အဲဒါ​တွေကို ကျ​နော်တို့​က ပြနိုင်တဲ့​ အဆင့်​ထိ။ နိုင်ငံတကာမှာ​တော့​ ဒါ​တွေရှိပါတယ်။ မြန်မာပြည်မှာ အဲဒီလိုအဆင့်​ထိ ထုတ်နိုင်​အောင် ကျ​နော်လုပ်တဲ့​အတွက်.၊​ အခုလက်ရှိလုပ်​နေတာနဲ့​တော့​ ကျ​နော်ထင်တာ မတူဘူး​ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013