“မုဒြာရဲ့ခေါ်သံ” ဇာတ်ကားအပေါ် ဒါရိုက်တာကြီး ဦးဝင်းဖေ၏ သုံးသပ်ချက် (ရုပ်သံ)
DVB
·
March 14, 2018
နိုင်ငံတကာရုပ်ရှင်ပွဲတော် ၉ ခုမှာ ပြသခွင့်ရရှိခဲ့ပြီး ဆု ၂ ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ “မုဒြာရဲ့ခေါ်သံ” (Mudras Calling) ရုပ်ရှင်ဇာတ်ကားကို အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ မတ်လ ၁၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကို ၂၀၁၄ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာပြည်မှာ ရုံတင်ပြသနိုင်ဖို့အတွက် ၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကိုတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီက ပုံဖော်ရိုက်ကူးထားတာပါ။
“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားအပေါ် စွယ်စုံရ အနုပညာရှင်လို့ လူသိများတဲ့ ရုပ်ရှင်ဒါရိုက်တာကြီး ဦးဝင်းဖေက ကွာလတီအရရော၊ အကြောင်းအရာအရရော အတော်ကောင်းမွန်ကြောင်း ပြောပါတယ်။
ဦးဝင်းဖေရဲ့ သုံးသပ်ချက်အပြည့် ရုပ်သံကြည့်ရှုရန်...
ရုပ်သံ - Mudras Calling