DVB Logo
Home
မြန်မာသတင်း
အစိုး​ရတပ်နှင့်​ ရှမ်း​တပ် အပစ်ရပ်သ​ဘောတူပြီး​နောက် တိုက်ပွဲဖြစ်
DVB
·
May 24, 2012
အစိုး​ရတပ်နှင့်​ ရှမ်း​တပ် အပစ်ရပ်သ​ဘောတူပြီး​နောက် တိုက်ပွဲဖြစ်
Donate to DVB

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲလုပ်ပြီး​ ရက်ပိုင်း​အတွင်း​မှာ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​ အဖွဲ့​နဲ့​ အစိုး​ရတပ်​တွေကြား​ တိုက်ပွဲပြန်ဖြစ်ပါတယ်။

[caption id="attachment_25865" align="alignleft" width="300" caption="အစိုးရတပ်နှင့် ရှမ်းတပ် အပစ်ရပ်သဘောတူပြီး ​မေ ၂၁ ရက်နေ့က သတင်းစာရှင်းပွဲ ပြုလုပ်စဉ် "][/caption]

မေ ၂၃ ရက်​နေ့​ ​နေ့​ခင်း​ပိုင်း​မှာ ရှမ်း​ပြည်နယ်အ​ရှေ့​ပိုင်း​ မိုင်း​တုံမြို့​နယ် ပုံပါကျင် မြို့​နယ်ခွဲထဲမှာ တိုက်ပွဲဖြစ်ခဲ့​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​ ​ပြောခွင့်​ရသူ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

ဒီတိုက်ပွဲဟာ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​ အဖွဲ့​နဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​တို့​ ​မေ ၁၉ ရက်​နေ့​က ပြည်​ထောင်စုအဆင့်​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူလက်မှတ်ထိုး​ပြီး​ ၄ ရက်အကြာမှာ ဖြစ်ခဲ့​တာပါ။

မ​နေ့​က ဖြစ်ပွား​ရတဲ့​တိုက်ပွဲဟာ မိုင်း​တုံအ​ခြေစိုက် ခလရ ၆၅ အစိုး​ရတပ်ရင်း​က တပ်က​နေ ထွက်​ပြေး​သွား​တဲ့​ သူတို့​ ရဲ​ဘော်​တွေ​နောက် လိုက်လံရှာ​ဖွေရင်း​ လွယ်​ကောင်း​မူး​တောင်မှာရှိတဲ့​ ရှမ်း​တပ်​တွေနဲ့​ တိုး​မိပြီး​ မ​မျှော်လင့်​ဘဲ တိုက်ပွဲဖြစ်သွား​ရတာလို့​ သူက ​ပြောပါတယ်။

မိနစ်ပိုင်း​သာ ကြာမြင့်​တဲ့​ ဒီတိုက်ပွဲ​ကြောင့်​ နှစ်ဖက် ထိခိုက်ဒဏ်ရာရမှု မရှိ​ကြောင်း​၊​ အစိုး​ရတပ်အ​နေနဲ့​ သူတို့​နယ်ထဲဝင်လာရင် ကြိုတင် အ​ကြောင်း​ကြား​ရမှာဖြစ်ပြီး​ ထွက်​ပြေး​သွား​တဲ့​ တပ်သား​တွေ ပြန်မိဖို့​ ရှမ်း​ပြည်တပ်မ​တော်ဆီကိုလည်း​ အကူအညီ​တောင်း​နိုင်ပြီး​ သူတို့​ကလည်း​ ပူး​ပေါင်း​ဆောင်ရွက်နိုင်မယ်လို့​ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

အခုဖြစ်တဲ့​တိုက်ပွဲဟာ အစိုး​ရတပ်ရဲ့​ ​အောက်​ခြေအဖွဲ့​တွေက အထက်အမိန့်​ကို မလိုက်နာတဲ့​အတွက် ဖြစ်တာလို့​ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​အဖွဲ့​ ​ပြောခွင့်​ရ ဗိုလ်မှူး​စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

“အစိုး​ရဘက်က ​ပြောပါတယ်။ အရင်တုန်း​က နား​လည်မှုလွဲပြီး​တော့​ တိုက်ခိုက်တာ​တွေ ရှိ​သေး​တယ်။ အပစ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် ရရှိပြီး​နောက်ပိုင်း​၊​ အခုက​တော့​ အဲဒီကိစ္စရပ်​တွေ အား​လုံး​ရှင်း​သွား​အောင် ဒုတိယအကြိမ် ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ပွဲ​တွေ ထပ်လုပ်လိုက်​တော့​ အဲဒီကိစ္စ​တွေ မဖြစ်​စေရ​တော့​ပါဘူး​လို့​ ​ပြောတား​တယ်။ ဒါ​ပေမယ့်​ ​အောက်​ခြေတပ်​တွေက အမိန့်​တွေ ဒီဂရီ​တွေ နား​လည်မှု​တွေကို မ​ဆောင်ရွက်နိုင်​သေး​သ​ရွေ့​က​တော့​ ဒီလိုပဲ ဖြစ်​နေမယ်လို့​တော့​ ကျ​နော်တို့​ ထင်ပါတယ်။ ​အောက်​ခြေတပ်​တွေ အား​လုံး​သိရှိ နား​လည်​အောင်​တော့​ သူတို့​အ​ပေါ်က အမိန့်​ချမှတ်​ပေး​ရမယ်။ ရှင်း​ပြရမယ်။”

နှစ်ဖက်စစ်သည်​တွေ နယ်မကျွံဖို့​အတွက် နယ်​မြေတိတိကျကျ သတ်မှတ်​ရေး​အတွက် ထပ်ပြီး​ ​ဆွေး​နွေး​ရဦး​မယ်လို့​ သူက ​ပြောပါတယ်။

နှစ်ဖက်အကြား​ ဒီနှစ် ဇန်နဝါရီ ၂၆ ရက်​နေ့​က ပြည်နယ်အဆင့်​ အပစ်အခတ်ရပ်ဖို့​ သ​ဘောတူပြီး​တုန်း​က တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ခဲ့​ပြီး​ ပြည်​ထောင်စုအဆင့်​ အပစ်အခတ်ရပ်ဖို့​ သ​ဘောတူပြီး​ချိန်မှာ တိုက်ပွဲ၁ကြိမ် စုစု​ပေါင်း​ တိုက်ပွဲ​ပေါင်း​ ၁၈ ကြိမ်ဖြစ်ပွား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013