Home
မြန်မာသတင်း
နွေစပါးစိုက်ဧက ၉ သောင်းခွဲလောက် ကင်းတားဆည်ရေ အလုံအလောက် ပေးမည်
DVB
·
March 14, 2018
မန္တလေးတိုင်းဒေသကြီး မြစ်သား၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ တံတားဦးမြို့နယ် ၄ ခုရှိ တောင်သူတွေရဲ့ နွေစပါးစိုက်ဧက ၉ သောင်းခွဲလောက်ကို ကင်းတားဆည်ရေ အလုံအလောက် ပေးမယ်လို့ မတ်လ ၁၃ ရက်နေ့ မနက်က ဆည်မြောင်းဌာန လက်ထောက်ညွှန်မှူးရုံးက ပြောပါတယ်။ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက “ကင်းတားဆည်က ရေအားလျှပ်စစ် ထုတ်ရင်း လယ်ယာတွေကို ရေပေးတာပါ။ ဆည်ထဲမှာ ရေအပြည့်ရှိပါတယ်။ နွေစပါးစိုက်ဖို့ ရေ အလုံအလောက် ပေးသွားမှာပါ" လို့ ပြောပါတယ်။ ကင်းတားဆည်တမံ ဦးစီးအရာရှိ ဦးထင်ကျော်လင်းက “ကင်းတားဆည် ရေသောက်စနစ်မှာ ကင်းတားမြောင်းမကြီးမှ လက်ဝဲရေပေး၊ လက်ယာ ရေပေး၊ ပန်းလောင်ရေပေးဆိုပြီး ရေသောက်စနစ် ၃ ခုနဲ့ မြို့နယ် ၄ ခုရှိ လယ်ယာတွေကို ရေပေးပါတယ်။ ကင်းတားဆည်အနေနဲ့ နွေစပါးစိုက်ဖို့ ၉၂၇၂၂ ဧက နဲ့ အခြားသီးနှံ‎စိုက်ဖို့ ၁၃၀၀၂ ဧက လျာထားပြီး ရေပေးမှာပါ။ ကင်းတားဆည်အတွင်းမှာ ရေဧကပေ ၈ သိန်း ၇ သောင်း ၃ ထောင်ကျော် ရှိနေပါတယ်။ ဒေသခံတောင်သူ ကိုဆန်းဝင်းက “ကုလားပဲစိုက်တာ နောက်ကျတော့ အခုမှ ရိတ်နေရတယ်။  နွေစပါးကတော့ ပျိုးထောင်ထားပါပြီ။ အစိုးရက စပါးဈေး ၅၀၀၀ သတ်မှတ် ဝယ်ပေးမှာ ဆိုတော့ အားထုတ်ပြီး စိုက်ကြမှာပါ"လို့ ပြောပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024