DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီးရရှိရေး ဆန္ဒပြခေါင်းဆောင်များ ပြည်ထောင်တွင် အချုပ်ခံရ
DVB
·
May 24, 2012
လျှပ်စစ်မီးရရှိရေး ဆန္ဒပြခေါင်းဆောင်များ ပြည်ထောင်တွင် အချုပ်ခံရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဒီမနက် လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲမှာ လုံထိန်း တပ်ဖွဲ့က ဆန္ဒပြခေါင်းဆောင် တချို့ကို ရိုက်နှက် ဖမ်းဆီးသွားပြီး ပြည်မြို့ထောင်တွင်းအချုပ်မှာ ချုပ်နှောင် ထားပါတယ်။

[caption id="attachment_25843" align="alignleft" width="300" caption="ပြည်မြို့တွင် လျှပ်စစ်မီးရရှိရန် ဆန္ဒပြတောင်းဆို"][/caption]

ဖမ်းဆီးခံရသူ ၅ ဦးရှိပြီး ကလေး ၁ ဦးကိုတော့ ပြန်လွှတ်ပေးပါတယ်။ ကျန် ၄ ဦးကတော့ မဂျူးဂျူး၊ ကိုကျော်ရွှေ၊ ကိုဝင်းလှိုင်နဲ့ ကိုဇော်ထွန်း တို့ ဖြစ်ပါတယ်။

ဆန္ဒပြသမား တချို့အပြောအရ ဖမ်းဆီးခံရသူ နောက်တဦး ရှိသေးပြီး အမည်မသိဘူးလို့ ဆိုပါတယ်။

သူတို့တတွေကို ဆန္ဒပြခွင့်မရှိဘဲ ဆန္ဒပြလို့ဆိုပြီး ရုံးတင်စစ်ဆေးမယ့် အကြောင်း သက်ဆိုင်ရာကပြောတယ် လို့ မြိုံ့ခံတွေက ပြောပါတယ်။

ပြည်မြို့နယ် အမှတ် ၂ ရဲစခန်းကိုမေးရာမှာ ခရိုင်ရဲကကိုင်တွယ်တယ်လို့ ပြောဆိုပြီး သူတို့ စခန်းကို ရောက်မလာတဲ့ အကြောင်း ပြောပါတယ်။ ခရိုင်ရဲ တာဝန်မှူးကတော့ နေ့ခင်းပိုင်းမှ တာဝန်ကျတာဖြစ် လို့ မသိသေးဘူးလို့ ဖြေပါတယ်။

ပြည်မြို့က ထောင်အချုပ်ရှေ့မှာ ရောက်ရှိပြီး စောင့်ကြည့်နေတဲ့ ဆန္ဒပြသမားတဦးကတော့ နေ့ခင်း ၂ နာရီကျော်ကျော်လောက်မှာ ပြည်မြို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံြ့ဖိုးရေးပါတီကိုယ်စားပြု အရွေးခံရတဲ့ လွှတ်တော် အမတ်၂ ဦးနဲ့ တခြားအမတ်၂ဦး စုစုပေါင်း ၄ ဦးကဆန္ဒပြသူတွေ ပြန်လည် လွတ်မြောက်အောင် သူတို့အာမခံပြီး ထုတ်လာမယ်လို့ပြောဆိုပြီး ထောင်တွင်းကို ၀င်ရောက် သွားကြတယ်လို့ ပြောပါတယ်။

ရန်ကုန်၊​ မန္တ​လေး​၊​ မုံရွာ၊​ သုံး​ခွနဲ့​ ပြည်မြို့​တွေမှာ လျှပ်စစ်မီး​ရ​ရေး​ ဆန္ဒပြပွဲ​တွေ ဒီလ ၂၀ ရက်ကစလို့​တစတစ ကျယ်ပြန့်​လာ​နေတာ ဖြစ်ပါတယ်။

မ​နေ့​ကည​တော့​ ပြည်မြို့​အနီး​ ​ပေါင်း​တည်မြို့​မှာလည်း​ ဆန္ဒပြသလို မန္တ​လေး​၊​ ရန်ကုန်မှာလည်း​ ဆန္ဒပြပွဲ​တွေ ဆက်ဖြစ်ပါတယ်။

နောက်ဆုံး​ရရှိတဲ့​သတင်း​အရ အမတ်​တွေရဲ့​ ကြိုး​ပမ်း​ချက်အရ ဖမ်း​ဆီး​ခံရသူ ၆ ဦး​လုံး​ ပြန်လည်လွတ်​မြောက်လာပြီလို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013