နယူးယောက်မြို့ မြစ်ထဲသို့ ရဟတ်ယာဉ်ပျက်ကျ၊ ခရီးသည်အားလုံး သေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က East River မြစ်ထဲ ရဟတ်ယာဉ်တစင်း ပျက်ကျမှုကြောင့် မောင်းနှင်တဲ့ ပိုင်းလော့ကလွဲရင် ကျန်ခရီးသည် ၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ယူရိုကော်ပတာ AS350 ရဟတ်ယာဉ်ဟာ ရုဇဗဲ့လ်ကျွန်း မြောက်ဘက်နားက မြစ်ပြင်ထဲ ဇောက်ထိုးပျက်ကျခဲ့တာပါ။ အဲဒီရဟတ်ယာဉ်ပေါ်မှာ မောင်းသူ ပိုင်းလော့ ၁ ဦး၊ ခရီးသည် ၅ ဦး၊ စုစုပေါင်း လူ ၆ ဦး လိုက်ပါလာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နယူးယောက်မြို့ ရဲကော်မရှင်နာမင်းကြီး ဂျိမ်းစ်အိုနီးလ်က “ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအလုပ်ကို ချက်ချင်းစခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ပိုင်းလော့အပါအဝင် စုစုပေါင်း လူ ၆ ဦး လိုက်ပါလာပါတယ်။ အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံမှုဘုတ်အဖွဲ့ဟာ ရဟတ်ယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်သွားပါမယ်” လို့ ရှင်းပြခဲ့ပါတယ်။ ဒီနောက် ဆက်ပြီး “ပိုင်းလော့ကတော့ သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ကျန် ၅ ယောက်ကတော့ မလုပ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ရဲနဲ့ ဒိုက်ဗင်အဖွဲ့ဟာ ရေထဲကို ဒိုက်ဗင်ထိုးပြီး ရုပ်အလောင်း ၅ ခုကို ရှာဖွေခဲ့ပါတယ်။ ၃ ယောက်ကို အရေးပေါ်အခြေအနေမှာ ရှာတွေ့ခဲ့ပြီး ချက်ချင်း ဆေးရုံပို့ခဲ့ပေမယ့် သေဆုံးသွားပါတယ်။ ကျန် ၂ ယောက်ကတော့ စတွေ့ကတည်းက အသက်မရှိတော့ပါဘူး” လို့ ဆက်လက် ရှင်းပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up