အညတရသူရဲကောင်းဆုရှင် ၅ ဦးစာရင်း ကြေညာ
DVB
·
May 23, 2012
ပြည်သူလူထုအတွက် ဘ၀တွေကို ပေးဆပ်ခဲ့ကြသူတွေကို ပေးဆပ်ခဲ့ကြတဲ့ အညတရသူရဲကောင်း ဆုရှင် ၅ ဦး စာရင်းကို ဂျပန်နိုင်ငံရောက်မြန်မာတွေ ဖွဲ့ထားတဲ့ အညတရ သူရဲကောင်းဆု ကော်မတီ က ကြေညာလိုက်ပါတယ်။
ဒီဆုရှင် ၅ ဦးကတော့ ဆရာတော် ဦးခေမာစာရ (ခ) ကိုချမ်းသာ၊ ကိုလက်ျာထွန်း၊ ကပ်ခန့်ခွာ (ခ) ကိုအန်ထော်နီနဲ့ မလှလှမော် တို့ ဖြစ်ပါတယ်။
ဆုတွေကို ဇွန် ၁၉ ရက်နေ့မှာကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်မြောက် မွေးနေ့ (မြန်မာအမျိုးသမီးများနေ့) အခမ်းအနား မှာ ပေးအပ် ချီးမြှင့်မှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ရုံးချုပ်) မှာ ကျင်းပမယ့် ဒီဆုချီးမြှင့်ပွဲ ကျင်းပချိန် မှာ ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီး ထွက်နေချိန်ဖြစ်တဲ့အတွက် သူ့ကိုယ်စား ပါတီနာယက အဖွဲ့ဝင်တွေဖြစ်တဲ့ သူရဦးတင်ဦးနဲ့ ဟံသာဝတီ ဦးဝင်းတင်တို့က ဦးဆောင်ပြီး ချီးမြှင့်မှာဖြစ်ပါတယ်။
ဆုရှင်တဦးအတွက် ဆုငွေ ကျပ် ၁၀သိန်း နဲ့အတူ ဆုတံဆိပ်တခုကိုပါ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ အခုအကြိမ်ဟာ တတိယ အကြိမ်မြောက် ဆုချီးမြှင့်တာ ဖြစ်ပါတယ်။