DVB Logo
Home
Lead Story
ဆရာမလေးအသွင် ဆယ်တန်းဖြေကလေးများကို ဆုတောင်းပေးခဲ့သည့် ဆုအိမ့်စံ(ဓာတ်ပုံ)
DVB
·
March 12, 2018
ဆရာမလေးအသွင် ဆယ်တန်းဖြေကလေးများကို ဆုတောင်းပေးခဲ့သည့် ဆုအိမ့်စံ(ဓာတ်ပုံ)
1 / 5
Donate to DVB

ချစ်စရာကောင်းတဲ့ သွင်ပြင်နဲ့ သရုပ်ဆောင်တတ်တဲ့ မင်းသမီးချော ဆုအိမ့်စံက ဒီကနေ့ စာမေးပွဲဖြေဆိုကြမယ့် ၁၀ တန်းကျောင်းသားတွေကို ရှုတင်ပေါ်ကနေ ဆုတောင်းပေးခဲ့ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “၁၀ တန်းစာမေးပွဲ ဖြေနေတဲ့ ညီမလေးတွေ၊ မောင်လေးတွေအားလုံး ဂုဏ်ထူး ၆ ဘာသာနဲ့ အကောင်းဆုံး ဖြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် 😇 ဆရာမ ကလေးတွေကို စာသင်ပေးပြီး အပြန်ပေါ့နော်”လို့ ရေးတင်ထားခဲ့တာပါ။

အဖြူ အစိမ်းဝတ် ကျောင်းဆရာမလေးအသွင်နဲ့ ဆုအိမ့်စံရဲ့ ဒီစတေးတပ်စ်နဲ့ ချစ်စရာ ဓာတ်ပုံတွေကို လက်ရှိအချိန်ထိ ကြိုက်နှစ်သက်တဲ့ ပရိသတ် ၃ သောင်း ၆ ထောင်ကျော်ရှိနေခဲ့ပြီး မကြာခင်ကတော့ ဒီပုံလေးတွေထဲက တပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ကိုယ်ရေးမှတ်တမ်းဓာတ်ပုံအဖြစ် တင်ခဲ့တာကို တွေ့ရပါတယ်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ စတင်ကျင်းပ နေတာဖြစ်ပြီး ဒီကနေ့မှာတော့ ၄ ရက်မြောက်စာမေးပွဲအဖြစ် ဓာတုဗေဒနဲ့ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်တွေကို ဖြေဆိုနေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ဆုအိမ့်စံ ဖေ့စ်ဘွတ်ခ်မှ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013