Sunday, May 28, 2023
HomeLead Story၀င်ငွေခွန်နှင့် ကုန်သွယ်ခွန်ကြွေးကျန်ပေးရန်ပျက်ကွက်သည့် ကုမ္ပဏီ ၄ ခုကိုသတိပေး

ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်ကြွေးကျန်ပေးရန်ပျက်ကွက်သည့် ကုမ္ပဏီ ၄ ခုကိုသတိပေး

 

ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ကြွေးကျန်တွေကို အကြိမ်ကြိမ်နှိုးဆော်ဆွေးနွေးခဲ့ပေမယ့် ပေးသွင်းဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီ ၄ခုကို မတ်လ ၃၁ ရက်နောက်ဆုံးထားပေးသွင်းဖို့  ပြည်တွင်း အခွန်ဦးစီးဌာနက သတိပေးလိုက်ပါတယ်။

အခွန်ပေးဖို့ ပျက်ကွက်နေတဲ့ ကုမ္ပဏီ ၄ ခုထဲမှာ Lin Htut Metals Industry ကုမ္ပဏီ၊ Clean Oil Trading ကုမ္ပဏီ၊ Thandar Ruby ကုမ္ပဏီနဲ့ Motherland ဆောက်လုပ်ရေးကုမ္ပဏီတို့ပါဝင်ပါတယ်။

အခွန်ကြွေးကျန်တွေကို  ပေးဆောင်ခြင်းမရှိဘဲ ဆက်လက်ပျက်ကွက်နေမယ်ဆိုရင်  တည်ဆဲအခွန်အခွန် ဥပဒေအရ အရေးယူမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၂)က ကြေညာထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular