DVB Logo
Home
မြန်မာသတင်း
သမဂ္ဂအ​ဆောက်အဦ ပြန်လည်တည်​ဆောက်ခွင့်​ရ​ရေး​ ဗကသ ကြိုး​ပမ်း
DVB
·
May 23, 2012
သမဂ္ဂအ​ဆောက်အဦ ပြန်လည်တည်​ဆောက်ခွင့်​ရ​ရေး​ ဗကသ ကြိုး​ပမ်း
Donate to DVB

ရန်ကုန်တက္ကသိုလ်ဝင်း​အတွင်း​က တကသ အ​ဆောက်အဦ​နေရာ​ဟောင်း​မှာ သမဂ္ဂအ​ဆောက်အဦသစ်ကို ပြန်လည်​ဆောက်လုပ်ခွင့်​ရ​ရေး​ ​တောင်း​ဆိုတဲ့​ လှုပ်ရှား​မှုကို ဦး​စား​ပေး​လုပ်​ဆောင်မယ်လို့​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​ သမဂ္ဂများ​အဖွဲ့​ချုပ် (ဗဟိုလုပ်ငန်း​ကော်မတီ)က ​ကြေညာလိုက်ပါတယ်။

[caption id="attachment_12457" align="alignleft" width="300" caption="ဗုံး​ဖောက်ခွဲ ဖျက်ဆီးခံလိုက်ရသည့်​ တက္ကသိုလ်သမဂ္ဂ​ အ​ဆောက်အဦ"][/caption]

ဥက္ကဋ္ဌအဖြစ် ကို​ကျော်ကိုကို တာဝန်ယူတဲ့​ ၁၇ ဦး​ပါ ဗကသ (ဗဟိုလုပ်ငန်း​ကော်မတီ က ဒီ​နေ့​ ​ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကော်မတီရဲ့​ ဒု-ဥက္ကဋ္ဌ​တွေအဖြစ် ကိုလင်း​ထက်နိုင်နဲ့​ ကိုမိုး​ထက်​နေတို့​က တာဝန်ယူမှာဖြစ်ပြီး​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​အဖြစ် မဖြိုး​ဖြိုး​အောင်က တာဝန်ယူ ​ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး​နေဝင်း​ ဦး​ဆောင်တဲ့​ ​တော်လှန်​ရေး​ကောင်စီလက်ထက် ၁၉၆၂ ခုနှစ်၊​ ဇူလိုင်လ ၈ ရက်​နေ့​ နံနက်ပိုင်း​မှာ တက္ကသိုလ်သမဂ္ဂ အ​ဆောက်အဦကို ​ဖောက်ခွဲဖျက်ဆီး​ခဲ့​တာ ဖြစ်ပါတယ်။

အခု အဲဒီအ​ဆောက်အဦ​နေရာမှာ သမဂ္ဂအ​ဆောက်အဦ ရရှိ​ရေး​အတွက် လတ်တ​လော လုပ်ငန်း​စဉ်အဖြစ် ဗကသ (လုပ်ငန်း​ကော်မတီက) ကြိုး​ပမ်း​မယ်လို့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ မဖြိုး​ဖြိုး​အောင်က ​ပြောပါတယ်။

ဗကသ (ဗဟိုလုပ်ငန်း​ကော်မတီ)ဟာ ရှိထား​နှင့်​တဲ့​ ဗကသများ​အဖွဲ့​ချုပ် (ဗဟိုစည်း​ရုံး​ရေး​ကော်မတီ) နဲ့​ ဗကသများ​အဖွဲ့​ချုပ် (အထက်ဗမာပြည်) ပြန်လည် ဖြစ်ထွန်း​ရေး​ကော်မတီတို့​ကို ပူး​တွဲပြီး​ လုပ်ငန်း​ရေး​ရာ​တွေ အ​ကောင်အထည် ​ဖော်နိုင်ဖို့​ ပူး​တွဲ​ဆောင်ရွက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013