DVB Logo
Home
မြန်မာသတင်း
လွှတ်​တော် တိုင်း​ရင်း​သား​ရေး​ရာ ​ကော်မတီဝင်များ​ နိုင်ငံတဝန်း​ သွား​ရောက်
DVB
·
May 23, 2012
Donate to DVB

လွှတ်​တော်အစည်း​အ​ဝေး​တွေ ရပ်နား​ထား​ချိန်မှာ လွှတ်​တော်က တိုင်း​ရင်း​သား​ရေး​ရာနဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ပူး​ပေါင်း​ ​ကော်မတီအဖွဲ့​ဝင်​တွေဟာ စစ်ဖြစ်ပွား​နေတဲ့​ ကချင်၊​ ရှမ်း​ ပြည်နယ် အပါအဝင် ပြည်နယ်နဲ့​တိုင်း​တွေကို မ​နေ့​က စတင် သွား​ရောက်ပါတယ်။

အမျိုး​သား​လွှတ်​တော်အမတ် ၁၄ ဦး​၊​ ပြည်သူ့​လွှတ်​တော်အမတ် ၁၅ ဦး​ စုစု​ပေါင်း​ ၂၉ ဦး​ ပါဝင်တဲ့​ ​ကော်မတီအဖွဲ့​တွေက အဖွဲ့​ ၅ ဖွဲ့​ခွဲပြီး​ သွား​ရောက်​နေတာလို့​ ​ကော်မတီအဖွဲ့​ဝင် လွှတ်​တော်အမတ် ဦး​စိုင်း​မောင်တင်က ​ပြောပါတယ်။

ဦး​စိုင်း​မောင်တင်က​တော့​ ရှမ်း​နဲ့​ ကချင်ပြည်နယ်ကို သွား​ရောက်ဖို့​ ရည်မှန်း​ထား​ပြီး​ ခရီး​စဉ်မှာ လုပ်​ဆောင်မယ့်​ အရာ​တွေကို အခုလို​ပြောပါတယ်။

“အဲဒီမှာ ကျ​နော်တို့​ လွှတ်​တော်မပြီး​ခင် အစည်း​အ​ဝေး​မှာ ​ပြောကြတာက​တော့​ ပြည်နယ်ဝန်ကြီး​ချုပ်​တွေနဲ့​တွေ့​မယ်၊​ ​နောက်ပြီး​တော့​ ရပ်မိရပ်ဖ​တွေနဲ့​ ​တွေ့​မယ်၊​ ​နောက်ပြီး​တော့​ ​တွေ့​သင့်​တဲ့​ ဌာနဆိုင်ရာ​တွေ၊​ ဝန်ကြီး​ဌာန​တွေနဲ့​ ​တွေ့​မယ်​ပေါ့​နော်။ ​နောက်ပြီး​တော့​ သက်ဆိုင်ရာ​ဒေသ ငြိမ်း​ချမ်း​ရေး​အဖွဲ့​တွေနဲ့​တွေ့​မယ်။ ​တွေ့​ဆုံပြီး​တော့​ ဆုံး​ဖြတ်ချက်​တော့​ ချနိုင်မှာ မဟုတ်ဘူး​ပေါ့​နော်။ ​တွေ့​ပြီး​တော့​ အဲဒီအချက်အလက်​တွေကို စတုတ္ထအကြိမ် လွှတ်​တော်မှာ ဖြစ်ဖြစ်၊​ ဒါမှမဟုတ် ​ကော်မတီက​နေပြီး​တော့​ အဲဒီ​တွေ့​ရှိချက်​တွေကို ကျ​နော်တို့​ သက်ဆိုင်ရာကို တင်ပြမယ်လို့​တော့​ ရှိပါတယ်။”

လွှတ်​တော် ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ခရီး​စဉ်က​တွေ့​ရှိတဲ့​ အချက်အလက်​တွေကို စတုတ္ထအကြိမ်​မြောက် လွှတ်​တော် အစည်း​အ​ဝေး​တွေမှာ ​ဆွေး​နွေး​သွား​မယ်လို့​ ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ အခုလို နယ်လှည့်​ခရီး​ သွား​ရောက်​ရေး​အတွက် ​ဆွေး​နွေး​ခဲ့​ပြီး​ အမတ်တဦး​ဟာ တိုင်း​နဲ့​ပြည်နယ် ၂ ခုကို သွား​ရောက်နိုင်တယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013