Home
မြန်မာသတင်း
စိုက်ပျိုးရေး မိုးလေ၀သဆိုင်ရာ အချက်အလက် ခန့်မှန်းချက်များ မိုးဇလထုတ်ပြန်
DVB
·
March 11, 2018
မတ်လ (ပထမ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ စိုက်ပျိုးရေး မိုးလေ၀သအခြေအနေများအကျဉ်းချုပ်နဲ့ မတ်လ ဒုတိယ ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေး မိုးလေ၀သဆိုင်ရာ အချက်အလက် ခန့်မှန်းချက်တွေကို မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများပေါ်မူ တည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်းဆန်းစစ် ဖော်ပြအပ်ပါသည်။ ဘင်္ဂလားပင်လယ်‌အော်အခြေအနေ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာခဲ့ပါသည်။ မိုးရွာသွန်းမှုအခြေအနေ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တို့တွင် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှ မိုးရေချိန်တို့ခန့်သာရှိခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် မတ်လ (ပထမ) ၁၀ ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက်လျော့နည်းခဲ့ပါသည်။ မိုးရွာရက်များ တနင်္သာရီတိုင်းဒေသကြီးတွင် (၂) ရက်ခန့် မိုးရွာသွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းမရှိခဲ့ပါ။ အမြင့်ဆုံးအပူချိန်အခြေအနေ မတ်လ (ပထမ) ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ- စစ်ကိုင်းတိုင်းဒေ သကြီး(အထက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင်(၂)ဒီဂရီ ဖာရင်ဟိုက်မှ (၃) ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်(၄)ဒီဂရီဖာရင်ဟိုက်မှ (၅)ဒီဂရီဖာရင်ဟိုက်အထိနှင့် မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် (၆)ဒီဂရီဖာရင်ဟိုက်မှ (၇)ဒီဂရီဖာရင်ဟိုက်ထိ မတ်လ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် ပိုခဲ့ပါသည်။ အနိမ့်ဆုံးအပူချိန်အခြေအနေ မတ်လ (ပထမ) ဆယ်ရက်ပတ်အတွင်း(ညအပူချိန်) အခြေအနေများမှာ − ရန်ကုန်တိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ခန့်သာခဲ့ပြီး၊ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်ခန့်စီ၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၃)ဒီဂရီဖာရင် ဟိုက်ခန့်နှင့် ချင်းပြည်နယ်တွင်(၁၀)ဒီဂရီဖာရင်ဟိုက်ခန့် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန် တို့အောက်လျော့နည်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက် ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ(၅)ဒီဂရီဖာရင် ဟိုက်အထိနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၇)ဒီဂရီဖာရင်ဟိုက်ခန့် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ပျမ်းမျှ အနိမ့်ဆုံးအပူချိန်တို့ထက် ပိုခဲ့ပါသည်။ လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်း(လေထုစိုထိုင်းဆ) အခြေအနေများမှာ- မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင် (၅၃%)မှ (၅၉%) အကြား၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်(၆၃%)မှ(၇၀%) အကြား နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေ သကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် (၇၂%)မှ (၈၃%)အကြား အသီးသီးရှိခဲ့ပါသည်။ ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- စစ်ကိုင်း တိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၄၀မီလီ မီတာ)မှ (၄၉-မီလီမီတာ)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၅၂-မီလီမီတာ)မှ (၅၉-မီလီမီတာ)အတွင်းနှင့် မကွေးတိုင်းဒေသကြီးတွင် (၆၅-မီလီမီတာ) ခန့် အသီးသီးရှိခဲ့ပါသည်။ မြေဆီလွှာအောင်းရေအခြေအနေ မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်း(မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ- မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြေဆီလွှာအောင်းရေအခြေအနေသည် (ခြောက်သွေ့)အခြေအနေတို့တွင် အသီးသီးရှိခဲ့ပါသည်။ မတ်လ(ဒုတိယ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သ(ပျမ်းမျှ) အချက်အလက် ခန့်မှန်းချက်များ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024