အင်းစိန်နှင့်အိုးဘိုအကျဉ်းထောင်တွင်း စာမေးပွဲဖြေဆိုနေကြသည့် မြင်ကွင်း (ဓာတ်ပုံ)
DVB
·
March 10, 2018
အခု ကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်နဲ့ မန္တလေး အိုးဘို အကျဉ်းထောင်တွေမှာ စာမေးပွဲဖြေဆိုနေကြပုံတွေပါ။
အင်းစိန်၊ မန္တလေး၊ ရွှေဘို၊ ဘားအံ၊ မြိတ်၊ တောင်ငူ၊ စစ်တွေနဲ့ မြောင်းမြထောင်တွေမှာ အကျဉ်းနဲ့ အချုပ်ကျနေသူပေါင်း ၁၁၀ ဖြေဆိုနေတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကတော့ အကျဉ်းထောင်ထဲက စာမေးပွဲဖြေဆိုပြီး ၃ ဘာသာဂုဏ်ထူး အပါအဝင် ဂုဏ်ထူးရှင် ၇ ယောက်ရှိခဲ့ပါတယ်။
ဓာတ်ပုံ- မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန