DVB Logo
Home
မြန်မာသတင်း
အလုပ်သမား​များ​တောင်း​ဆိုသည့်​အတိုင်း​ လစာတိုး​ပေး​ရန် အခက်အခဲရှိဟု အလုပ်ရှင်​ပြော
DVB
·
May 23, 2012
အလုပ်သမား​များ​တောင်း​ဆိုသည့်​အတိုင်း​ လစာတိုး​ပေး​ရန် အခက်အခဲရှိဟု အလုပ်ရှင်​ပြော
Donate to DVB

အလုပ်သမား​ ဆန္ဒပြမှု ဖြစ်ပွား​နေတဲ့​ YJ စက်ရုံပိုင်ရှင်က အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​အတိုင်း​ လစာတိုး​ပေး​ဖို့​ အခက်အခဲရှိတယ်လို့​ ​ပြောပါတယ်။

[caption id="attachment_25792" align="alignleft" width="300" caption="YJ အထည်ချုပ်စက်ရုံပိုင်ရှင် သတင်းစာရှင်းပွဲ ပြုလုပ်​နေစဉ်"][/caption]

ရန်ကုန်တိုင်း​ လိုင်သာယာစက်မှုဇုန် ၄ မှာ ရှိတဲ့​ YJ အထည်ချုပ်စက်ရုံမှာ အလုပ်သမား​တွေ လစာတိုး​မြှင့်​ဖို့​ဆန္ဒပြ​တောင်း​ဆို​နေတာနဲ့​ပက်သက်ပြီး​ စက်ရုံပိုင်ရှင်နဲ့​ ကိုရီး​ယား​သံရုံး​တို့​က သတင်း​မီဒီယာ​တွေကို မ​နေ့​က ​တွေ့​ဆုံ ​ပြောကြား​ခဲ့​တာပါ။

ကိုရီး​ယား​လူမျိုး​ စက်ရုံပိုင်ရှင်က သူ့​အ​နေနဲ့​ဝန်ထမ်း​တွေကို လစာတိုး​ပေး​ဖို့​ ​ပြောထား​ပေမယ့်​ ​တောင်း​သ​လောက် တိုး​ပေး​ရင် သူ့​ဘက်မှာ ကုန်ကျစရိတ်​တွေ အရမ်း​များ​လာတာမို့​ မဖြစ်နိုင်သလို အခြား​စက်ရုံ​တွေ တန်း​တူ ဖြစ်​စေရမယ်လို့​ သတင်း​စာရှင်း​လင်း​ပွဲမှာ စကား​ပြန်နဲ့​ ​ပြောဆိုခဲ့​ပါတယ်။

“သူတို့​ ​တောင်း​တဲ့​ ၃ ​သောင်း​ဆိုတာ သူတို့​အ​နေနဲ့​ အခုအချိန်မှာ ​ပေး​ဖို့​မရှိပါဘူး​။ လစာဆိုတာက ဒီဘက်က အကျိုး​အမြတ်ရှိမှ ​ပေး​ဖို့​အဆင်​ပြေမှာပါ။ အခု အလုပ်ရှင်ဘက်က ​အော်ဒါ​တွေလည်း​ ကြိုတင်ပြီး​ ယူထား​ရပါတယ်။ ၉ လပိုင်း​ထိ ​အော်ဒါယူထား​ပါတယ်။ အခုလက်ရှိ​ပေး​နေတဲ့​ လစာကို ၂၀ ရာခိုင်နှုန်း​လောက် တိုး​ပြီး​ပေး​လိုက်မယ်ဆိုရင်၊​ ရမယ့်​ အကျိုး​အမြတ်ကို တွက်ချက်ပြီး​ ​ပေး​ရတဲ့​ ဖြစ်တဲ့​အတွက် ချက်ချင်း​ကြီး​ ၄၀ ရာခိုင်နှုန်း​၊​ ၅၀ ရာခိုင်နှုန်း​ ​ပေး​ရမယ်ဆိုရင် စက်ရုံလည်ပတ်မှု အပိုင်း​မှာလည်း​ အခက်အခဲရှိပါတယ်။ အခု ညီမတို့​ကလည်း​ က​လေး​တွေကို ၂၀ ရာခိုင်နှုန်း​ တိုး​ပေး​မယ်ဆိုပြီး​ အစည်း​အ​ဝေး​ခေါ်ပြီး​ ​ပြောထား​သလို လကုန်တဲ့​အခါ တခြား​စက်ရုံ​တွေမှာ ဒီစက်ရုံထက်လစာများ​ပါတယ်ဆိုတဲ့​ ဘယ်လိုလစာ​ပေး​နေပါတယ်ဆိုတာမျိုး​တွေ ထွက်လာတဲ့​အခါကျရင် သူတို့​ထက်လည်း​ မနည်း​အောင် တ​ပြေး​ညီ​ပေး​ပါမယ်ဆိုတာလည်း​ ဆရာက ​ပြောထား​ပြီး​ပါပြီ။”

စက်ရုံအလုပ်သမား​တွေရဲ့​ အ​ခြေခံလာစာဟာ ၂ ​သောင်း​နဲ့​ ၃ ​သောင်း​ ကြား​မှာသာ ရှိတာမို့​ အလုပ်ရှင်က တိုး​ပေး​တာကို နည်း​တယ်ဆိုပြီး​ အလုပ်သမား​တွေက သ​ဘောမတူနိုင်တာလို့​ အလုပ်သမား​တွေက ​ပြောပါတယ်။

အလုပ်သမတဦး​က “အ​ခြေခံလစာ ၂ ​သောင်း​ရတယ်။ အချိန်ပို​ကြေး​၊​ ရှား​ပါး​စရိတ်၊​ ရက်မှန်​ကြေး​၊​ အပိုဆု​ကြေး​ အဲဒါ​တွေ အား​လုံး​ပေါင်း​မှ ၇ ​သောင်း​ကျော်​လောက်ရတာ။ ၂၀ ရာခိုင်နှုန်း​ဆိုတာက ၁ ​သောင်း​မှ ၂ ​ထောင်​လေ။ သူတို့​ဘက်ကလည်း​ ညှိ၊​ ကိုယ်​တွေဘက်ကလည်း​ ညှိ​ပေါ့​။ တတ်နိုင်သ​လောက် ညှိတာပဲ​လေ။ လုံး​လုံး​လျား​လျား​ကြီး​ ၃ ​သောင်း​ရမှလို့​ ​တောင့်​ခံထား​ပေမယ့်​ ညီမတို့​ဘက်ကလည်း​ ​ပြေလည်​အောင် ညှိချင်တာ​ပေါ့​နော်။ အခုဆိုရင် ညီမတို့​လည်း​ အရမ်း​ပင်ပန်း​နေပြီ။”

အလုပ်ရှင်​တွေဘက်ကလည်း​ အခုလို အလုပ်သမား​တွေဘက်က ​တောင်ဆိုတဲ့​ လခ​ပေး​မယ်ဆိုရင် အများ​စုနဲ့​ဖြစ်လို့​ သူတို့​ဘက်မှာလည်း​ အကုန်အကျ​တွေများ​ပြီး​ အလုပ်​တွေ ရပ်ဆိုင်း​သွား​နိုင်တယ်လို့​သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောဆိုခဲ့​ပါတယ်။

“ညီမတို့​စက်ရုံလည်း​ လူက ၁ ​ထောင်ဝန်း​ကျင် ရှိသလို၊​ တခြား​စက်ရုံ​တွေမှာဆိုလည်း​ လူက ၂ ​ထောင်၊​ ၃ ​ထောင်ဝန်း​ကျင်​တွေ ရှိပါတယ်။ ​ပေး​လိုက်ရတာက တ​ယောက်ကို ၃ ​သောင်း​ဆို​ပေမယ့်​လည်း​ တရုံလုံး​အတိုင်း​အတာနဲ့​ဆို တလကို သိန်း​ ဘယ်နှ​ထောင်​ပေါ့​နော်။ တွက်ကြည့်​လိုက်ရင် အလုပ်ဆက်လုပ်လို့​ မရ​တော့​တဲ့​ အ​ခြေအ​နေမျိုး​တွေ ဖြစ်သွား​နိုင်ပါတယ်။”

ဝိုင်​ဂျေ အထည်ချုပ်စက်ရုံမှာ ​မေလ ၁၇ ရက်​နေ့​က စပြီး​ တနင်္ဂ​နွေ အလုပ်ပိတ်​ပေး​ဖို့​အ​ခြေခံလစာနဲ့​ရှား​ပါး​စရိတ်တိုး​ပေး​ဖို့​ ​တောင်း​ဆို ဆန္ဒပြခဲ့​ကြတာ ဖြစ်ပါတယ်။ လှိုင်သာယာစက်မှုဇုန်ထဲက အခြား​ အထည်ချုပ်စက်ရုံ ၅ ရုံ​လောက်မှာလည်း​ အလား​တူ ဆန္ဒပြပွဲ​တွေ ဖြစ်​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013