စပါးက ခေါ်ယူလိုနေသည့် ဒေါ့မွန်ကွင်းလယ်လူ မာကိုရူးစ် စာချုပ်သက်တမ်းတိုး

1.5K
စပါးအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်ကွင်းလယ်ကစားသမား မာကိုရူးစ်ဟာ အသင်းနဲ့အတူ ၂၀၂၃ အထိ ၄ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
မာကိုရူးစ်ဟာ ဒူးခေါင်းအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ၈ လကြာ အနားယူနေရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာပြဿနာ မကြာခဏရှိနေတဲ့ မာကိုရူးစ်ဟာ ယူရို ၂၀၁၆ ကလည်း ဂျာမနီအသင်းအတွက် ကစားခွင့် လွဲချော်ခဲ့သလို အခုလာမယ့် ကမ္ဘာ့ဖလားလူစာရင်းမှာ အရွေးချယ်ခံရဖို့ ရုန်းကန်ရဦးမှာပါ။
ဒေါ့မွန်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဟန်ဂျိုအာချင်ဝက်ဇ်ကီကတော့ မာကိုရူးစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာနဲ့ပတ်သတ်လို့ သူ့အနေနဲ့ အသင်းမှာ ဆက်ရှိလိုနေတာဖြစ်သလို ကမ္ဘာပေါ်က အကောင်းဆုံးကလပ်အသင်းတွေ ခေါ်ယူလိုပေမယ့် ထိန်းသိမ်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒေါ့မွန်အသင်းအနေနဲ့ ဘွန်ဒက်စ်လီဂါ အဆင့် ၃ နေရာမှာ ရှော်ကေးအသင်းရဲ့နောက် တစ်မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။