လျှပ်စစ်မီးမှန်မှန်မရတာဟာ စနစ်မမှန်လို့ပါ – ဒေါ်အောင်ဆန်းစုကြည်
DVB
·
May 23, 2012

သဘာဝအရင်းအမြစ်ပေါများတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမှန်မှန် မရတာဟာ စနစ်မမှန်လို့ဖြစ်တဲ့ အကြောင်းနဲ့ ပြည်သူလူထုတွေအတွက် ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ဟာ အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ မြို့ကြီးတွေ မှာ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုတွေ၊ မီးမလာမှုတွေနဲ့ ပတ်သက်ပြီး မနေ့က ဒဂုံမြို့သစ် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖွင့်ပွဲမှာ ပြည်သူလူထုကို ပြောကြားလိုက်တာပါ။
မိန့်ခွန်းအပြည့်အစုံကို အသံဖိုင်မှာ နားဆင်ကြည့်ပါ။