ပြည်နယ်နှင့်တိုင်း ၈ ခုတွင် မိုးရွာမည်
DVB
·
March 10, 2018
ပြည်နယ်နဲ့တိုင်း ၈ ခုမှာ ဒီနေ့ နေရာကွက်ကျားမိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကချင်၊ ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရွာဖို့ ရာနှုန်း ၈၀ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
နောက် ၂ ရက်အထိမှာတော့ ပဲခူးတိုင်း၊ ရန်ကုန်နဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ကယား၊
ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်တွေ ဖြစ်နေတယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။