DVB Logo
Home
မြန်မာသတင်း
ဗုံး​ခွဲမှုဖြင့်​ ​သေဒဏ်​ပေး​ခံရသူ အသည်း​ကင်ဆာ​ရောဂါကျွမ်း​နေ
DVB
·
May 23, 2012
ဗုံး​ခွဲမှုဖြင့်​ ​သေဒဏ်​ပေး​ခံရသူ အသည်း​ကင်ဆာ​ရောဂါကျွမ်း​နေ
Donate to DVB

လွန်ခဲ့​တဲ့​ ၂ နှစ်က ရန်ကုန်သင်္ကြန်ဗုံး​ပေါက်မှု​တွေမှာ တာဝန်ရှိတယ်လို့​ စွပ်စွဲခံရပြီး​နောက် ​သေဒဏ်​ပေး​ခံထား​ရတဲ့​ ကိုဖြိုး​ဝေ​အောင်ရဲ့​ အသည်း​ကင်ဆာ အ​ခြေအ​နေဟာ လပိုင်း​လောက်ပဲ ခံမယ်လို့​ ညီဖြစ်သူ ​ဒေါက်တာထက်​ဝေ​အောင်က ​ပြောပါတယ်။

[caption id="attachment_21482" align="alignleft" width="300" caption="ကိုဖြိုး​ဝေ​အောင်"][/caption]

“အသည်း​ကင်ဆာ ဖြစ်တာပါ။ အသည်း​တခုလုံး​ ပြန့်​နေပါပြီ။ အသည်း​ပါ​မောက္ခ ဌာနမှူး​နဲ့​ လာပြပြီး​ပါပြီ။ ကုသမှုက​တော့​ အသည်း​တခုလုံး​ကို ပြန့်​နေတဲ့​အတွက် လှီး​ထုတ်လို့​ မရ​တော့​ဘူး​။ ​နောက်ဆုံး​ ကင်ဆာအလုံး​တွေကို ဒီထက်မပွား​အောင် ​ဆေး​တိုက်ကြည့်​မယ်လို့​ပြောတယ်ဗျ။ အ​ခြေအ​နေအရ​တော့​ လပိုင်း​လောက်ပဲဗျ။ စိတ်ဓာတ်​ပေါ်မှာ မူတည်မှာ​ပေါ့​ဗျာ။ စိတ်ဓာတ်ကျသွား​ရင်​တော့​ ၁ လ​လောက်လည်း​ ဖြစ်နိုင်တာပဲ။ ခု​လော​လောဆယ်​တော့​ သူက စိတ်ဓာတ်မာ​နေ​သေး​တော့​ အ​ကောင်း​ဘက်က ​မျှော်လင့်​တာ​ပေါ့​ဗျာ။”

ကိုဖြိုး​ဝေ​အောင်ရဲ့​ ​ရောဂါအ​ခြေအ​နေကို တနင်္လာ​နေ့​တုန်း​က ရန်ကုန် ​ဆေး​ရုံကြီး​က ဆရာဝန်နှစ်ဦး​က စစ်​ဆေး​ပြီး​နောက် လပိုင်း​လောက်ပဲ ခံ​တော့​မယ့်​ အ​ကြောင်း​ ​ပြောခဲ့​တာလို့​ ညီဖြစ်သူ ​ဒေါက်တာထက်​ဝေ​အောင်က ​ပြောပါတယ်။

လော​လောဆယ်မှာ​တော့​ ကိုဖြိုး​ဝေ​အောင်ကို အင်း​စိန်​ထောင်​ဆေး​ရုံမှာပဲ ဆက်ထား​ပြီး​ မိသား​စုကို ပုံမှန်သွား​ကြည့်​ဖို့​ ခွင့်​ပြုထား​ပါတယ်။

ကိုဖြိုး​ဝေ​အောင်ဟာ ဇန်နဝါရီလကတည်း​ ​ရောဂါ​ဝေဒနာ​တွေ ဆိုး​ဆိုး​ရွား​ရွား​ ခံစား​နေရ​ပေမယ့်​ လုံ​လောက်တဲ့​ ကျန်း​မာ​ရေး​စောင့်​ရှောက်မှု​တွေ မရခဲ့​ဘဲ ၅ လ အကြာမှာ ​ရောဂါအ​ခြေအ​နေကို သိခွင့်​ရတယ်လို့​ ညီဖြစ်သူ ​ဒေါက်တာ ထက်​ဝေ​အောင်က ​ပြောပါတယ်။

“ဒီလိုဖြစ်သွား​မယ်လို့​ မထင်ဘူး​။ ဇန်နဝါရီတုန်း​က​တော့​ ​တော်​တော်ဆိုး​တယ်။ ထိုင်လို့​ မရ၊​ ထလို့​မရ၊​ အိပ်လို့​လည်း​ မရဘူး​။ လမ်း​လျှောက်လို့​လည်း​ မရဘူး​။ ​ထောင်ကကျ​တော့​ ပိုး​သတ်​ဆေး​လေး​ပေး​လိုက်နဲ့​ပဲ​ပေါ့​။ သူတို့​က ထင်​နေတာ ဟန်​ဆောင်တယ်လို့​ ထင်လား​မသိပါဘူး​ဗျာ။ အသည်း​ကင်ဆာဆို​တော့​ အခု ၅ လ​နေမှ ပြန်လွှဲတာ​ပေါ့​။

“အရမ်း​နာကျင်တယ်ဗျာ။ ဖြစ်တာက ဇန်နဝါရီကတည်း​က ဖြစ်တာ။ အခုမှ ​ဆေး​ကုသခွင့်​ကလည်း​ မရဘူး​။ အခု ​ဆေး​ရုံလာ​တော့​ ​ဆေး​ရုံ​ပေါ်တက်တာ​တောင် ​တော်​တော်​လေး​ တက်ယူရတယ်။ လမ်း​လျှောက်တာ ယိုင်​နေပြီး​တော့​၊​ မလှုပ်နိုင်ဘူး​။ အိပ်တာလည်း​ ထိုင်ခုံမှာပဲ အိပ်​နေရတယ်။ ​တော်​တော်ဆိုး​နေတာ​ပေါ့​ဗျာ။ စိတ်​လေး​တခုပဲ ​ကောင်း​နေတာ​ပေါ့​။”

လူ ၁၀ ​ယောက် ​သေဆုံး​ခဲ့​တဲ့​ ၂၀၁၀ ဧပြီလ ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံး​ခွဲမှုနဲ့​ အသက် ၃၂ နှစ်အရွယ် ကိုဖြိုး​ဝေ​အောင်ကို ဖမ်း​ဆီး​တရား​စွဲခဲ့​ပြီး​ ဒီလဆန်း​ပိုင်း​ကပဲ ​သေဒဏ်ချထား​တာ ဖြစ်ပါတယ်။

သူ့​ကို မှား​ယွင်း​စွပ်စွဲပြီး​ စီရင်ချက်ထား​တာဖြစ်လို့​ အခုလို အသက်ရှင်ဖို့​ ရက်သိပ်မကျန်​တော့​တဲ့​ အ​ခြေအ​နေမှာ ခြွင်း​ချက်မရှိ ပြန်လွှတ်​ပေး​ဖို့​ အာရှလူ့​အခွင့်​အ​ရေး​ကော်မရှင်က ဒီ​နေ့​ ရက်စွဲနဲ့​ သမ္မတ ဦး​သိန်း​စိန်ထံကို အိတ်ဖွင့်​ပေး​စာတ​စောင် ​ပေး​ပို့​ ​တောင်း​ဆိုထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013