A d v e r t i s e m e n t With Us

ပေါင်​ ၆၂၅ သန်းအထိ ဈေးသတ်​မှတ်​ထား​သော်လည်း မက်ဆီ​အား ခေါ်မည်ကို ဘာစီလိုနာစိုးရိမ်

ပြောင်း​ရွှေ့ကြေးကို ​ပေါင်​ ၆၂၅ သန်းအထိ သတ်​မှတ်​ထား​ပေမယ့်​ မက်ဆီ​ကို တခြားအသင်းတသင်းက ​ခေါ်ယူဖို့ ကြိုးပမ်းလာမှာကို ဘာစီလိုနာအသင်းက​ စိုးရိမ်​​နေဆဲဖြစ်​တယ်​လို့ သိရပါတယ်​။ ဘာစီလိုနာအသင်းအ​နေနဲ့ မက်​ဆီကို ကစားသမားဘဝ ကုန်​ဆုံးသည်​အထိ အသင်းမှာပဲ ကစား​စေလိုတာဖြစ်​ပြီး​ ​နေမာလို သာဓကမျိုး ရှိခဲ့တဲ့အတွက်​ စိုးရိမ်​​နေတာပါ။ မက်​ဆီဟာ အခုရာသီမှာ ၄၂ ပွဲကစား ၃၂ ဂိုးသွင်းယူပြီး ဂိုးဖန်​တီးမှု ၁၆ ကြိမ်​ ပြုလုပ်​ထားနိုင်​ပါတယ်​။ ကမ္ဘာ့အ​ကောင်းဆုံး ​ဘောလုံးသမားဆုကို ၆ ကြိမ်​​မြောက် ဆွတ်​ခူးဖို့လည်း အ​ခြေအ​နေ ​ကောင်း​နေပါတယ်​။ မက်​ဆီဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၄ ခုနှစ်​က စတင်​ပြီး ကစားခဲ့သလို ၄၀၉ ပွဲ ကစားပြီး ၃၇၃ ဂိုး သွင်းယူ​ပေးထားခဲ့ပါတယ်​။ အသက်​ ၃၀ အရွယ်​ရှိပြီဖြစ်​တဲ့ မက်​ဆီဟာ နိုင်​ငံအသင်းအတွက်​ ၁၂၃ ပွဲကစားပြီး ၆၁ ဂိုး သွင်းယူထားသလို အိုလံပစ်​​ရွှေတံဆိပ်​၊ ကမ္ဘာ့ဖလား ဒုတိယ၊ ကိုပါအ​မေရိကဖလား ဒုတိယ ၃ ကြိမ်​၊ ယူ-၂၀ ကမ္ဘာ့ဖလားချန်​ပီယံ ၁ ကြိမ်​ ရရှိထားပါတယ်​။

A d v e r t i s e m e n t With Us

More News
Up