A d v e r t i s e m e n t With Us

မန္တလေးမြို့ ချမ်းမြသာစည်တွင် မူးယစ်ဆေးဝါး အပြည့်တင်ထားသည့် ကား ၁ စီး တွေ့ရှိ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ဇလပ်ဝါလမ်းနဲ့ ခိုင်ရွှေဝါလမ်းကြားမှာ မူးယစ်ဆေးဝါးတွေ အပြည့်တင်ဆောင်ထားတဲ့ ကားတစီးကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါနေရာမှာ MDY 3L/1808 Toyota Crown Royal Saloon ကားတစီး ရပ်နားထားတာ လေးရက်လောက်ရှိပြီလို့  ရပ်ကွက်နေ ပြည်သူတဦးက ဒီကနေ့ မနက်ပိုင်းက သတင်းပေးလို့ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးမျိုးစုံ ကားအပြည့် တင်ဆောင်ထားတာကို တွေ့ခဲ့ရတာပါ။ အဆိုပါကားကို အမှတ် ၁၁ နယ်မြေရဲစခန်းသို့ ယူဆောင်စစ်ဆေးနေပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်စစ်ဆေးမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up