A d v e r t i s e m e n t With Us

ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ကိုင်တွယ်ရန် ချဲလ်ဆီးနည်းပြ ကွန်တီ ဆွေးနွေးမည်

ချဲလ်ဆီးနည်းပြ ကွန်တီဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကိုင်တွယ်ဖို့အတွက် လာမယ့်တပတ်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ ပြင်သစ်သတင်းစာ အယ်လ်အက်ကွစ်ရဲ့ အဆိုအရ နည်းပြကွန်တီရဲ့ အစ်ကိုနဲ့ အေးဂျင့်တို့ဟာ လာမယ့်တပတ် အင်္ဂါနေ့မှာ ပီအက်စ်ဂျီအသင်းဆီ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် လက်ရှိနည်းပြ အူနိုင်းအမ်မရီနဲ့ အခုနှစ်ရာသီအကုန်မှာ လမ်းခွဲတော့မှာဖြစ်ပြီး ကွန်တီနဲ့ အစားထိုးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးအသင်းကလည်း နည်းပြကွန်တီနဲ့ နှစ်ဦးသဘောတူ လမ်းခွဲဖို့ ပြင်ဆင်ထားတာကြောင့်  ပီအက်စ်ဂျီနဲ့ ကွန်တီတို့ရဲ့ အပြောင်းအရွှေ့ဟာ အခုနှစ်ရာသီအကုန်မှာ ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up