Home
မြန်မာသတင်း
ရေးမြို့နယ် ဈေးကြီးနှစ်ခုကြား လမ်းမြေထိန်းနံရံများ ပြိကျမည့်အန္တရာယ် မဖြစ်စေရန် ပြုပြင်
DVB
·
March 9, 2018
မွန်ပြည်နယ်၊ ရေးမြို့ရဲ့ ရေးမြစ်ချောင်းအနီး အဓိကဈေးကြီးနှစ်ခုဖြစ်တဲ့ မြသီတာဈေးနဲ့ ဝင်းသုခရွှေဈေးတို့အကြား လမ်းနံဘေးက ပြိုကျပြီး အန္တရာယ်မဖြစ်ပွားအောင် မြေထိန်းနံရံ ပြုပြင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေကြပါတယ်။ အဲဒီစီမံကိန်းကို ပြည်နယ်အစိုးရ ခွင့်ပြုငွေ ကျပ် ၂၅၉ သန်းနဲ့ ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန ကြီးကြပ်မှုနဲ့ တင်ဒါအောင်မြင် ဆောက်လုပ်ခွင့်ရတဲ့ S Galactios ကုမ္ပဏီက ဆောင်ရွက်နေတာပါ။ ဒီရေ အတက်အကျ ရေတိုက်စားမှုကြောင့် လက်ရှိပြုလုပ်ထားတဲ့ မြေထိန်းနံရံတွေ အောက်ကို နစ်ဝင်ပြီး ပြိုမကျစေဖို့ ထောင့်တိုင်တွေနဲ့ ကျားကန်ထားရကာ အန္တရာယ်ဖြစ်နိုင်တာကြောင့် ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက နိုဝင်ဘာလ ၂၃ ရက် အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကမှ စတင်အကောင်အထည်ဖော်နေတာပါ။ အလျား ပေ ၄၀၀ လောက်ရှိတဲ့ အဆိုပါ ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ စီမံကိန်းကို အခုနှစ် ဧပြီလဆန်းပိုင်းမှာ ဆောင်ရွက်ပြီးစီးမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024