Home
မြန်မာသတင်း
မုံရွာမီးပွိုင့်အနီး ဆိုင်ကယ် ၁ စီးမီးလောင်
Aung Ko Latt
·
March 9, 2018
မုံရွာမြို့၊ သာစည်လမ်း မီးပွိုင့်အနီးမှာ မနေ့ ညနေ ၄ နာရီကျော်က ပြည်ထောင်စုလမ်းအတိုင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့မရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက "မီးလောင်ရတာက အပူလွန်ကဲတာ ဖြစ်မယ်။ ဆိုင်ကယ်စီးလာတဲ့ ကလေးက အသက် ၂၀ လောက်ပဲ ရှိဦးမယ်။ ကြောက်အားလန့်အားနဲ့ ထွက်ပြေးသွားတယ် ထင်တယ်။ ဆိုင်ကယ်စီးလာတဲ့ ကလေးတော့ မတွေ့လိုက်ဘူး။ ဆိုင်ကယ်ရှေ့ခြမ်းနဲ့ ကြော်ငြာဘုတ်တခုတော့ မီးလောင်သွားတယ်"လို့ ပြောပါတယ်။ ဆိုင်ကယ်မီးလောင်ရာကို မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေ မီးလောင်ရာသို့ လာရောက်ငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုကြောင့် ပရီမီယာကော်ဖီကြော်ငြာ ဆိုင်းဘုတ်တခု မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၂၅၀၀၀ ကျပ်နဲ့ czi အမျိုးအစား 125 ဆိုင်ကယ်တစီး ကာလတန်ဖိုး ၂၅၀၀၀၀ ကျပ်ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024