DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်ကဝင်လာသည့်​ စိတ်ကြွ​ဆေး​များ​ စစ်တ​ကောင်း​တွင် ဖမ်း​မိ
DVB
·
May 23, 2012
မြန်မာဘက်ကဝင်လာသည့်​ စိတ်ကြွ​ဆေး​များ​ စစ်တ​ကောင်း​တွင် ဖမ်း​မိ
Donate to DVB

မြန်မာနိုင်ငံဘက်က​နေ ဇီး​သီး​ခြောက်အိတ်​တွေထဲ ထည့်​ပြီး​ သယ်ဆောင်လာတဲ့​ စိတ်ကြွ​ဆေး​ပြား​ အလုံး​ရေ ၂ သိန်း​ ၇ ​သောင်း​ကို ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံရဲ့​ ဒုတိယမြို့​တော် စစ်တ​ကောင်း​မှာ အာ​အေဘီ လို့​ခေါ်တဲ့​ အထူး​တပ်ရင်း​ ၁ နဲ့​ တပ်ရင်း​ ၇ တို့​က ဒီလ ၁၇ ရက်​နေ့​မှာ ဖမ်း​ဆီး​ရမိခဲ့​ပါတယ်။

[caption id="attachment_25762" align="alignleft" width="300" caption="စစ်တ​ကောင်းတွင် ဖမ်းဆီးရမိ​သော စိတ်ကြွ​ဆေးပြားများ"][/caption]

စစ်တ​ကောင်း​မှာ ဖမ်း​ဆီး​ရမိတဲ့​ စိတ်ကြွ​ဆေး​ပြား​တွေဟာ စစ်​တွေက​နေ စက်​လှေနဲ့​ လာ တာဖြစ်တဲ့​အ​ကြောင်း​၊​ ဆိပ်ကမ်း​ကို ​ရောက်လာပြီး​နောက် ပစ္စည်း​တွေကို တင်​နေချိန်မှာ မသင်္ကာ တဲ့​ လူတချို့​က ရဲကိုသတင်း​ပေး​တဲ့​အတွက် ဖမ်း​ဆီး​နိုင်ခဲ့​တာ ဖြစ်​ကြောင်း​ ဘင်္ဂလား​ဒေ့​ရှ် ​ထောက်လှမ်း​ရေး​ အကြီး​အကဲတဦး​က ​ပြောပါတယ်။

ဖမ်ဆီး​ရမိတဲ့​ မူး​ယစ်​ဆေး​ဝါး​တွေဟာ ကာလတန်ဖိုး​ ဘင်္ဂလား​ဒေ့​ရှ် တာကာ​ငွေ သိန်း​ ၁၀၀ နီး​ပါး​ မြန်မာ​ငွေနဲ့​ဆို သိန်း​ ၁၀၀၀ ​လောက်တန်ဖိုး​ရှိပါတယ်။ ဒီအမှုနဲ့​စပ်လျဉ်း​ပြီး​ အနီး​နား​က ဆိုင်တဆိုင်က​နေပြီး​ ပစ္စည်း​ပိုင်ရှင်တ​ယောက်အပါအဝင် လူ ၄ ဦး​လောက်ကို ဖမ်း​ဆီး​ထား​ပါတယ်။

အဖမ်း​ခံရသူ​တွေက အရင်လကလည်း​ ​ဆေး​ပြာ ၁ သိန်း​ ယူလာခဲ့​ဖူး​တဲ့​အ​ကြောင်း​ ဝန်ခံထွက်ဆိုခဲ့​တယ်လို့​ ဆိုပါတယ်။

အခုဖမ်း​မိတဲ့​ စိတ်ကြွ​ဆေး​ပြား​ ၁ လုံး​ကို မြန်မာနိုင်ငံဘက်ခြမ်း​ ​မောင်​တောမှာ မြန်မာ​ငွေ ကျပ် ၃၀၀ သာရှိပြီး​ ဘင်္ဂလား​ဒေ့​ခ်ျနိုင်ငံထဲက လက်လီ​ဈေး​ကွက် ထဲမှာ​တော့​ ကျပ် ၁၁၅၀ ​လောက် ​ဈေး​ပေါက်ပါတယ်။

ရာဘား​ (​ခေါ်) WY စိတ်ကြွ​ဆေး​ပြား​တွေဟာ ဘင်္ဂလား​-မြန်မာနယ်စပ် ​မောင်​တောဘက်ကမ်း​က​နေ တက္ကနာဘက်ကို အများ​အပြား​ ဝင်​ရောက်​လေ့​ရှိပြီး​ မကြာခဏလည်း​ ဖမ်း​ဆီး​ရမိခဲ့​တာ​တွေ ရှိပါတယ်။ ဒါ​ပေမယ့်​ အခုလို စစ်တ​ကောင်း​မြို့​မှာ ဖမ်း​ဆီး​ရမိတဲ့​ အ​ရေအတွက်ဟာ ဘင်္ဂလား​ဒေ့​ရှ် နိုင်ငံထဲမှာ​တော့​ အများ​ဆုံး​နဲ့​ ပထမဆုံး​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013