Home
မြန်မာသတင်း
YRTA ကို အုပ်ချုပ်မှုစရိတ် ပေးသွင်းနေမှု ခေတ္တရပ်ဆိုင်း
စိုးမိုးအောင်
·
March 9, 2018
YBS ကုမ္ပဏီတွေအနေနဲ့ YRTA ကို ပုံမှန်ပေးသွင်းနေရတဲ့ အုပ်ချုပ်မှုစရိတ် ပေးသွင်းမှုအားလုံးကို မတ်လ ၈ ရက်နေ့ကစပြီး ခေတ္တရပ်ဆိုင်းထားဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ညွှန်ကြားလိုက်ပါတယ်။ YRTA ကို YBS ကုမ္ပဏီတွေနဲ့ ယာဉ်ပိုင်ရှင်အစုအဖွဲ့တွေက ဧရာဝတီ ဘဏ်အကောင့်ကနေ ပေးသွင်းထားတဲ့ ငွေတွေအပေါ် ပြန်လည်ထုတ်ယူနေတာကြောင့် ပေးသွင်းမှုကို ခေတ္တရပ်နားထားဖို့ ညွှန်ကြားလိုက်တာပါ။ ဒီညွှန်ကြားစာကို YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် လက်မှတ်နဲ့ မတ်လ ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ကုမ္ပဏီတွေကို မတ်လ ၈ ရက်နေ့ မနက်က ဖြန့်ဝေလိုက်တာလို့ ဆိုပါတယ်။ ကုမ္ပဏီတွေအနေနဲ့ YRTAကို တနေ့ ပေးသွင်းရငွေဟာ ကားအစီး ၄၀၀၀ နဲ့တွက်ရင် တရက်ကို ငွေကျပ် သိန်း ၁၆၀ လောက်ရှိပြီး စည်းကမ်းပျက်ယာဉ်တွေအပေါ် ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေတွေ ပါရှိတယ်လို့ YBS ကုမ္ပဏီတခုရဲ့ အရာရှိတဦးကပြောပါတယ်။ အဲဒီညွှန်ကြားစာထဲမှာ YRTA ဌာနအတွင်းရှိ ငွေစာရင်းတွေ စနစ်တကျရှိစေရေး ပြန်လည် စစ်ဆေးဆောင်ရွက်နေတာကြောင့် မတ်လ ၈ ရက်နေ့ကစတင်ပြီး ဘဏ်အကောင့်ကနေ ငွေပေးသွင်းမှုကို ခေတ္တရပ်နားထားဖို့ ညွှန်ကြားထားတာပါ။ ဒါ့အပြင် YRTA အဖွဲ့ဝင် ၃ ဦးက ဖွင့်ထားတဲ့ ဘဏ်အကောင့်ကို အကောင့်ဖွင့်ထားသူ ၂ ဦး လက်မှတ်ရေးထိုးမှသာ ချက်လက်မှတ်နဲ့ ငွေထုတ်ယူခွင့်ပြုပေးဖို့ ဧရာဝတီဘဏ်ကို YRTA အဖွဲ့က ညွှန်ကြားထားပါတယ်။ ညွှန်ကြားစာမှာ ဧရာဝတီဘဏ်ကို လိပ်မူပေးပို့ထားပြီး မိတ္တူကို YRTA အဖွဲ့ဝင် ဦးလှအောင်နဲ့ အုပ်ချုပ်မှုဒါရိုက်တာ အပါအဝင် YBS ကုမ္ပဏီအားလုံးကို ပေးပို့ထားတာပါ။ ရန်ကုန်မြို့မှာ YBS ကုမ္ပဏီပေါင်း ၂၂ ခုရှိနေပြီး ယာဉ်အစီးရေ ၅၀၀၀ ကျော်နဲ့ ပြေးဆွဲနေတာပါ။ YBS ကုမ္ပဏီတွေအနေနဲ့ YRTA အဖွဲ့ကို ယာဉ်တစီး ငွေကျပ် ၄၀၀၀ နှုန်းနဲ့ နေ့စဉ် ပေးဆောင်နေရတာလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024