A d v e r t i s e m e n t With Us

ကျောင်းသူကို လိင်ပိုင်းဆိုင်ရာ ဖြားယောင်းခဲ့မှုဖြင့် ကျောင်းဆရာ စစ်ဆေးခံရ

ထိုင်းနိုင်ငံမှာ အထက်တန်းကျောင်းသူတဦးကို လိင်ပိုင်းဆိုင်ရာ ဖြားယောင်းမှုလုပ် ခဲ့တယ်လို့ သတင်းထွက်နေတဲ့ ကျောင်းဆရာကို သက်ဆိုင်ရာ ပညာရေးဌာနတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ မတ်လ ၇ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ကလာဆင်ခရိုင်တွင်းမှာ ကျောင်းတကျောင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကျောင်းဆရာမတဦးက ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက် နှာပေါ်မှတဆင့် ရေးသားဖော်ပြခဲ့ရာကနေ စတင်ခဲ့တာပါ။ ကျောင်းဆရာမဟာ အဲဒီကျောင်းဆရာရဲ့ လိင်ပိုင်းဆိုင်ရာ ဖျားယောင်းပတ်သက် မှုတွေကို ကျိုးကြောင်းခိုင်လုံမှုမရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားတာမျိုးတွေ လုပ်ခဲ့တယ်လို့ ကလာဆင်ခရိုင် ပညာရေးရုံးမှ အကြီးအကဲ ကစ်တီပေါ့ ပွန်ပီလာက ပြောပါတယ်။ ကျောင်းသူတွေနဲ့ သူတို့ရဲ့ မိဘတွေကို သတိထားဆက်ဆံဖို့တွေအထိ ရေးသား တာမျိုးတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး သူ့မှာ ခိုင်လုံတဲ့ သက်သေတွေရှိတယ်လို့ ပြောခဲ့တာပါ။ အဆိုပါကျောင်းဆရာနဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ ထိပါးခံရတဲ့ တခြားကျောင်း သူတွေလည်းရှိပြီး သူတို့ကတော့ အမှန်တရားကို ပြောကြမယ်ဆိုတာ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ ကျောင်းက ဒီအခြေအနေမှန် ထွက်ပေါ်လာနိုင်ဖို့ နှစ်ဘက်စလုံးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ မစ္စတာကစ်တီပေါ့က ပြောလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up