DVB Logo
Home
မြန်မာသတင်း
ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်ပါတီများ​နှင့်​ ​ကော်မရှင်​တွေ့​ဆုံ
DVB
·
May 22, 2012
Donate to DVB

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တဲ့​ နိုင်ငံ​ရေး​ပါတီ​တွေက ​ခေါင်း​ဆောင်​တွေနဲ့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌတို့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံခဲ့​ကြပါတယ်။

ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲရဲ့​ အား​နည်း​ချက်၊​ အား​သာချက်​တွေကို ​ဆွေး​နွေး​ကြတာလို့​ မြန်မာအမျိုး​သား​ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦး​ကောင်း​မြင့်​ထွဋ်က ဒီဗွီဘီကို ​ပြောပါတယ်။

“ဒီ​နေ့​မနက် ၁၀ နာရီမှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်ရုံး​ခန်း​မမှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်ခဲ့​ကြတဲ့​ နိုင်ငံ​ရေး​ပါတီ​တွေက ​ခေါင်း​ဆောင်​တွေနဲ့​ ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ၊​ အဖွဲ့​ဝင်​တွေနဲ့​ ​တွေ့​တာပါ။ ​ဆွေး​နွေး​ကြတာက​တော့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲရဲ့​ အား​နည်း​ချက်၊​ အား​သာချက်​တွေကို ပါတီအသီး​သီး​က သုံး​သပ်ကြတယ်။ အကြံပြု တင်ပြကြတယ်။ အဲဒါကို စာရွက်စာတမ်း​နဲ့​လည်း​ မှတ်တမ်း​လုပ်တယ်။ အဲဒီမှတ်တမ်း​ကိုလည်း​ အစည်း​အ​ဝေး​မှာ ​ဝေတယ်။ ဝိုင်း​ဝန်း​အကြံပြု သုံး​သပ်ကြတာ​ပေါ့​။”

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ခဲ့​ကြတဲ့​ နိုင်ငံ​ရေး​ပါတီ ၁၇ ပါတီက ပါတီ​ခေါင်း​ဆောင်​တွေနဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ တသီး​ပုဂ္ဂလအဖြစ် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တဲ့​ မရမ်း​ကုန်မြို့​နယ်က ​ဇောတိကသင်္ကန်း​တိုက်ပိုင်ရှင် ဦး​ခင်လှိုင်လည်း​ တတ်​ရောက်တယ်လို့​ ဦး​ကောင်း​မြင့်​ထွဋ်က ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ပြဿနာတက်ခဲ့​တဲ့​ မဲစာရင်း​အမှား​အယွင်း​ ဖြစ်တာ​တွေနဲ့​ ပတ်သက်ပြီး​ ပါတီအများ​စုက ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ ဆိုပါတယ်။

“ပါတီ​တွေ ​တော်​တော်များ​များ​ ​ဆွေး​နွေး​ကြတဲ့​ ပြဿနာ​တွေမှာ အကြီး​ကျယ်ဆုံး​ ပြဿနာက မဲစာရင်း​မတိကျ၊​ မမှန်ကန်တဲ့​ ပြဿနာပါ။ အဲဒီပြဿနာနဲ့​ ပတ်သက်လို့​လည်း​ ကျ​နော်က​တော့​ ဒါက လဝကတို့​လို နိုင်ငံ​တော်အဆင့်​ စာရင်း​အင်း​ဆိုင်ရာ တိတိကျကျ မလုပ်နိုင်တဲ့​ မှား​ယွင်း​မှု ပြဿနာ​တွေလို့​ မြင်တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်ကို နိုင်ငံ​တော်ရဲ့​ အရင်း​အမြစ်​တွေက ​ပေး​ထား​တာ​လေ၊​ ဘဏ္ဍာတို့​ လူတို့​စသည်အား​ဖြင့်​၊​ စာရင်း​အင်း​ဆိုင်ရာ အချက်အလက်​တွေကလည်း​ အစိုး​ရအဖွဲ့​က ​ထောက်ပံ့​ရမှာ​ပေါ့​။ ဝန်ကြီး​ဌာန​တွေက ​ထောက်ပံ့​ရမှာ။ နဂိုကတည်း​က ဝန်ကြီး​ဌာန​တွေကလည်း​ စာရင်း​အင်း​ဆိုင်ရာနဲ့​ ပတ်သက်လို့​ အား​နည်း​တယ်။ အဲဒီ​တော့​ မှား​ယွင်း​တဲ့​ အချက်အလက်​တွေ​ပေါ် အ​ခြေခံပြီး​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က ထုတ်ပြန်တဲ့​ မဲစာရင်း​ဖြစ်​နေတဲ့​အတွက် မဲစာရင်း​တွေက မတိကျ မမှန်ကန်တဲ့​ကိစ္စ​တွေ ဒါ​ကြောင့်​ဖြစ်တယ်လို့​ ​ဆွေး​နွေး​ခဲ့​ပါတယ်။”

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ မဲဆန္ဒနယ် ၄၃ ​နေရာရရှိတဲ့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က အတွင်း​ရေး​မှူး​ ဦး​ဥာဏ်ဝင်း​နဲ့​ ဦး​ဟန်သာမြင့်​တို့​ တက်​ရောက်တယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013