Home
သတင်းဓာတ်ပုံ
ကျောင်းသားများကို အသက်ပေးကယ်ဆယ်ခဲ့သည့်ဆရာမ 7Day ဂျာနယ်သူရဲကောင်းဆုရ (ဓာတ်ပုံ)
DVB
·
March 8, 2018
  ပြည်တွင်း ဂျာနယ်တခုဖြစ်တဲ့ 7Day သတင်းဂျာနယ်ရဲ့ ၁၆ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနဲ့ 7day News Journal Hero(သူရဲကောင်းဆု) ဆုချီးမြှင့်ပွဲကို မတ်လ ၇ ရက်က ရန်ကုန်မြို့ Meila Hotel မှာ ကျင်းပပါတယ်။ ၂၀၁၇ ခုနှစ်အတွက်ပေးအပ်တဲ့ 7day Journal Hero(သူရဲကောင်း)ဆုကို နံပတ် ၁ အဖြစ် မူလတန်းကျောင်းသားကလေးတွေကို အသက်ပေးကယ်ပေးသွားတဲ့ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်သန်းသန်းဝေ(ကွယ်လွန်)၊ နံပတ် ၂ က ကမ္ဘာ့ ကာယဗလပြိုင်ပွဲ ၆၀ ကီလိုတန်းမှာ နိုင်ငံ့အတွက် ရွှေတံဆိပ်ဆုယူပေးခဲ့တဲ့ ကာယဗလ မောင်ထွန်းထွန်းအောင်၊ နံပတ်  ၃ အဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ဆေးဝါးအခမဲ့ကုသပေးနေသူ ဒေါက်တာ ခင်သန်းအေးတို့က ရရှိသွားပါတယ်။ နံပတ် ဆု၎ ကိုတော့ One Championship ပြိုင်ပွဲရဲ့ ကမ္ဘာ့ချန်ပီယံ ဆု ၂ ဆုရယူပေးခဲ့တဲ့ အောင်လအင်ဆန်းနဲ့ နံပတ် ၅ဆုကတော့ ရေနစ်နေတဲ့ ၅ နှစ်အရွယ် ကလေး အသက်ကို မိမိကိုယ်ဝန်ဆောင်ထားရတဲ့ ရင်သွေးလေးကိုဆုံးရှုံးခံပြီးရေကူး အသက်ကယ်ပေးသူ မသီတာဦးတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဓာတ်ပုံ - ခင်မောင်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024