DVB Logo
Home
မြန်မာသတင်း
အ​မေရိကန်က မြန်မာအ​ပေါ် စီး​ပွား​ရေး​ဒဏ်ခတ်မှု ဆိုင်း​ငံ့​ခြင်း​ကို ပြည်ပအင်အား​စုများ​ စိုး​ရိမ်
DVB
·
May 22, 2012
Donate to DVB

အ​မေရိကန်က မြန်မာပြည်အ​ပေါ် စီး​ပွား​ရေး​ပိတ်ဆို့​ဒဏ်ခတ်မှု​တွေကို ဆိုင်း​ငံ့​လိုက်တာဟာ လူ့​အခွင့်​အ​ရေး​ စံနှုန်း​တွေနဲ့​ မညီ​သေး​ဘဲ ​ဖြေ​လျော့​ချက်ဖြစ်တယ်လို့​ ပြည်ပအ​ခြေစိုက်အင်အား​စု​တွေ ပူး​တွဲ ​ကြေညာလိုက်ပါတယ်။

အမျိုး​သမီး​အဖွဲ့​တွေ၊​ ဒီမိုက​ရေစီနဲ့​ တိုင်း​ရင်း​သား​လူငယ်အင်အား​စု​တွေ၊​ ​ကျောင်း​သား​လူငယ်အဖွဲ့​တွေ စု​ပေါင်း​ပြီး​ ဒီ​နေ့​မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​ ဆက်ရှိ​နေတဲ့​ကိစ္စ​တွေ ကရင်နဲ့​ ရှမ်း​ပြည်နယ်မှာ ​မြေယာသိမ်း​ဆည်း​မှု၊​ အဓ္ဓမခိုင်း​စေမှု စတဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ဖြစ်​နေသလို ကချင်ပြည်နယ်မှာ တိုက်ပွဲ​တွေ​ကြောင့်​ လူ​ပေါင်း​ ၇ ​သောင်း​လောက် ​ရွှေ့​ပြောင်း​နေရတာကိုလည်း​ ​ထောက်ပြထား​ပါတယ်။

နိုင်ငံတကာက ဦး​သိန်း​စိန်ကို ချီး​ကျူး​ ​ထောပနာပြု​နေတဲ့​ အချိန်မှာ ကချင်ပြည်နယ်မှာ တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​တာကို စိုး​ရိမ်မိတဲ့​ အ​ကြောင်း​လည်း​ ပါရှိပါတယ်။

ဒီ​ကြေညာချက် ထုတ်ပြန်ရတာနဲ့​ ပတ်သက်ပြီး​တော့​ မြန်မာနိုင်ငံ ​ကျောင်း​သား​ လူငယ် ကွန်ဂရက်က ကို​နော်ဆန်း​က အခုလို ​ပြောပါတယ်။

“လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု အ​ခြေအ​နေက တိုး​တက်မှုမရှိ​သေး​တဲ့​အ​ပေါ်မှာ စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေကို ရုပ်သိမ်း​လိုက်တာပဲဖြစ်ဖြစ်၊​ ဆိုင်း​ငံ့​လိုက်တာပဲဖြစ်ဖြစ် ကျ​နော်တို့​အ​နေနဲ့​ အများ​ကြီး​စဉ်း​စား​စရာရှိတယ်။ အကျိုး​အ​ကြောင်း​နဲ့​ သိပ်မဆီ​လျော်လှဘူး​လို့​ မြင်တယ်​ပေါ့​။”

ကျန်ရှိ​နေ​သေး​တဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ ခြွင်း​ချက်မရှိ လွှတ်​ပေး​ပြီး​တော့​ နိုင်ငံ​ရေး​နဲ့​ အရပ်ဘက် လွတ်လပ်ခွင့်​တွေ ပြန်လည်ရရှိ​အောင် လုပ်​ဆောင်ဖို့​၊​ ​ရေရှည်တည်တံ့​တဲ့​ ငြိမ်း​ချမ်း​ရေး​နဲ့​ လက်ရှိဖြစ်ပွား​နေတဲ့​ မ​တော်မတရား​တာ​တွေကို ရပ်တန့်​ပြီး​ နိုင်ငံတဝန်း​လုံး​ အပစ်အခတ်ရပ်​ရေး​ကို လုပ်​ဆောင်ပြီး​မှ ​ရှေ့​ဆက်ဖို့​ လိုအပ်တယ်လို့​ ယုံကြည်တဲ့​အ​ကြောင်း​ ဒီ​ကြေညာချက်က တိုက်တွန်း​ထား​ပါတယ်။

နိုင်ငံ​ရေး​ပါတီ​တွေ၊​ ဒီမိုက​ရေစီလိုလား​တဲ့​ အင်အား​စု​တွေနဲ့​ တိုင်း​ရင်း​သား​ အုပ်စု​တွေ အား​လုံး​ပါဝင်တဲ့​ စစ်မှန်တဲ့​ ​ဆွေး​နွေး​မှု​တွေစတင်ဖို့​နဲ့​ အရင်နဲ့​ အခု လုပ်ခဲ့​တဲ့​ လူ့​အခွင့်​အ​ရေး​ မ​တော်မတရား​ လုပ်​ဆောင်တာ​တွေအတွက် တရား​မျှတ တာဝန်ယူမှု​တွေကို လုပ်​ဆောင်ဖို့​လည်း​ လိုအပ်တယ်လို့​ ဆိုပါတယ်။

မေ ၂၀ ရက်​နေ့​က အ​မေရိကန်က မြန်မာပြည်​ပေါ်မှာ ချမှတ်ထား​တဲ့​ စီး​ပွား​ရေး​ ပိတ်ဆို့​ အ​ရေး​ယူမှု​တွေအား​လုံး​ ဆိုင်း​ငံ့​ပေး​လိုက်တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013