DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများ ကိုယ့်အခွင့်ရေးကိုယ် သိရှိသလို တာဝန်ကျေပွန်ကြရန် တိုက်တွန်း
DVB
·
March 8, 2018
အမျိုးသမီးများ ကိုယ့်အခွင့်ရေးကိုယ် သိရှိသလို တာဝန်ကျေပွန်ကြရန် တိုက်တွန်း
1 / 5
Donate to DVB

 

အမျိုးသမီးတွေအနေနဲ့ ကိုယ့်အခွင့်အရေးကိုယ် သိရှိသလို ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ဖို့ လိုတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ မတ်လ ၈ ရက် ဒီနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်အခွင့်အရေးကိုယ် သိရှိသလို မိမိတို့ရဲ့တာဝန်ကို ကျေပွန်ဖို့ လိုအပ်ပါတယ်။ အခွင့်အရေးတွေသာ တောင်းခံပြီး တာဝန်ယူ၊ တာဝန်ခံမှု မရှိလို့ ရှိရင်တော့ ဒီဟာဟာ အပေါင်းလက္ခဏာဆောင်မှာ မဟုတ်ပါဘူး။ အမျိုးသမီးများကို တန်ဖိုးထားဖို့ဆိုတာ မိခင်တွေက စရမှာပါ။ အဲဒါကို ကျမ အထူးသတိပေးချင်ပါတယ်။ မိသားစုတွေက စရမှာပါ။ သမီးတွေနဲ့ သားတွေနဲ့ တန်းတူတန်ဖိုးထားဖို့ တန်းတူရည်တူ တန်ဖိုးထားဖို့ပါပဲ။”

မိခင်တွေအနေနဲ့ သားသမီးတွေကို တန်းတူရည်တူ တန်ဖိုးထားမှ နိုင်ငံတွင်းမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားမှာ တန်းတူရည်တူ ရှိလာမယ်၊ အစိုးရအနေနဲ့ ကျေးလက်နေ အမျိုးသမီးတွေအတွက် ဦးစားပေး လုပ်ဆောင်ပေးနေတယ်။ ကျေးလက်ဒေသနေ အမျိုးသား အတော်များများဟာ ပြင်ပမှာ အလုပ်သွားရောက်လုပ်ကိုင်နေကြတဲ့အတွက် ကျေးလက်တွေမှာ အမျိုးသမီးတွေကပဲ ပဲ့ကိုင်နေကြရတယ်။ ဒါကြောင့် ကျေးလက်နေ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ အရည်အချင်းတိုးတက်အောင် အထူးအလေးပေး လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့အမျိုးသမီးတွေနည်းတူ မြန်မာအမျိုးသမီးတွေရဲ့ သက်တမ်းဟာ အမျိုးသားတွေရဲ့ သက်တမ်းထက် သက်တမ်းပိုရှည်တယ်။ မြန်မာအမျိုးသားတွေရဲ့ သက်တမ်းဟာ နှစ် ၆၀ ကျော်ဖြစ်ပြီး အမျိုးသမီးတွေရဲ့ မျှော်လင့်သက်တမ်းကတော့ ၆၉ ကျော် ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဆောင်ပုဒ်က “အမျိုးသမီးများဘဝမြှင့်တင်ဖို့ ကျေးလက်နှင့်မြို့ပြ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့ ယခုပင် ကြိုးပမ်းကြပါစို့” ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013