DVB Logo
Home
သတင်းဓာတ်ပုံ
MGE အထည်ချုပ်စက်ရုံအလုပ်သမား​များ​ ဆက်လက်ဆန္ဒပြ (သတင်း​ဓာတ်ပုံ)
DVB
·
May 22, 2012
MGE အထည်ချုပ်စက်ရုံအလုပ်သမား​များ​ ဆက်လက်ဆန္ဒပြ (သတင်း​ဓာတ်ပုံ)
Donate to DVB

တိုက်ကြီး​မြို့​အဝင် ​ဖောင်ကြီး​လမ်း​ခွဲမှာရှိတဲ့​ MGE အထည်ချုပ်စက်ရုံ အလုပ်သမား​ ၄၀၀ ​လောက်ဟာ သူတို့​ရဲ့​တောင်း​ဆိုချက်​တွေကို အလုပ်ရှင်ဘက်က ​ပြေလည်​အောင် မ​ဖြေရှင်း​ပေး​သေး​တာ​ကြောင့်​ ဒီ​နေ့​ ဆက်လက်ဆန္ဒပြ ​တောင်း​ဆိုခဲ့​ကြပါတယ်။

အခုလ ၁၉ ရက်​နေ့​ကစပြီး​ MGE အထည်ချူပ်စက်ရုံအလုပ်သမား​တွေဟာ သူတို့​ရဲ့​ ရပိုင်ခွင့်​တွေအတွက် ဆန္ဒပြခဲ့​ကြတာဖြစ်ပြီး​ မ​နေ့​က ၂၁ ရက်​နေ့​ထိ​တော့​ သူတို့​တောင်း​ဆိုတဲ့​အချက် ၆ ချက်ထဲက ၁ ချက်ကိုပဲ အလုပ်ရှင်ဘက်က လိုက်​လျော​ပေး​ခဲ့​တာ ဖြစ်ပါတယ်။ အဲဒီလိုက်​လျော​ပေး​တဲ့​ အ​ခြေခံလစာကိုလည်း​ ၆ ​ထောင်ပဲ တိုး​ပေး​တဲ့​အတွက် အလုပ်သမား​တွေဟာ ဆက်လက် ဆန္ဒပြညှိနှိုင်း​သွား​မယ်လို့​ ဆိုပါတယ်။

အလုပ်သမား​တွေဟာ အလုပ်ခွင်အတွင်း​ ဖိအား​ပေး​ခိုင်း​စေမှု​တွေ၊​ အခွင့်​အ​ရေး​ ချိုး​ဖောက်ခံ​နေရမှု​တွေကို လအ​တော်ကြာခံစား​ခဲ့​ကြရတဲ့​အတွက် အခုလို ဆန္ဒပြ​တောင်း​ဆိုခဲ့​ကြတာပါ။

ဒီ​နေ့​မနက် ၁၁ နာရီ​လောက်မှာ တိုက်ကြီး​မြို့​နယ် အလုပ်သမား​ရုံး​က တာဝန်ရှိသူ​တွေ ​ရောက်လာပြီး​ ဆန္ဒပြအလုပ်သမား​တွေထဲက ကိုယ်စား​လှယ် အ​ယောက် ၂၀ နဲ့​ အလုပ်ရှင်ကြား​ညှိနှိုင်း​သွား​ခဲ့​ပေမယ့်​ အလုပ်ရှင်ဘက်က အနည်း​ငယ်သာ လိုက်​လျော​ပေး​ပြီး​ တင်း​ခံ​နေတာ​ကြောင့်​ အဆင်မ​ပြေ​သေး​ဘဲ မနက်ဖြန်လည်း​ ဆက်လက်ဆန္ဒပြဖွယ် ရှိ​နေပါတယ်။

အလုပ်သမား​တွေအ​နေနဲ့​ အ​ခြေခံလစာကို ၁ ​သောင်း​ဝန်း​ကျင် တိုး​ပေး​ဖို့​ ​တောင်း​ဆိုထား​ပြီး​ အလုပ်ရှင်ဘက်က ၆ ​ထောင်ပဲတိုး​ပေး​သလို အဲဒီ ၆ ​ထောင်ကို လက်ခံမှ အခြား​တောင်း​ဆိုချက်​တွေကို လိုက်​လျော​ပေး​မယ်လို့​သိရပါတယ်။ လက်မခံ​သေး​တဲ့​ အလုပ်သမား​တွေကို အခုလ ၂၄ ရက်​နေ့​ထိ​နောက်ဆုံး​ထား​ အလုပ်မဆင်း​ပါက ပျက်ရက် ၃ ရက်သတ်မှတ်ပြီး​ အလုပ်ထုတ်မယ်လို့​ စက်ရုံက စာထုတ် သတိ​ပေး​လိုက်ပါတယ်။

စက်ရုံတွင်း​မှာ ညှိနှိုင်း​နေစဉ်အတွင်း​ ​ရွှေညဝါဆရာ​တော်​ရောက်လာပြီး​ ဆန္ဒပြအလုပ်သမား​တွေကို အား​ပေး​သွား​ခဲ့​သလို ဆန္ဒပြအလုပ်သမား​တွေ ရိက္ခာဝယ်ဖို့​ ​ငွေကျပ် ၃ သိန်း​ ​ပေး​အပ်သွား​ခဲ့​ပါတယ်။

အလား​တူ ​မှော်ဘီမြို့​နယ် ​မြောင်း​တကာ သံမဏိစက်ရုံမှာလည်း​ စက်ရုံအလုပ်သမား​တွေဟာ သူတို့​ရဲ့​ ရပိုင်ခွင့်​တွေအတွက် ၄ ရက်​မြောက်အဖြစ် ဒီ​နေ့​လည်း​ ဆက်လက် ဆန္ဒပြ​နေတယ်လို့​ သိရပါတယ်။

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013