Homeမြန်မာသတင်း
မြန်မာအလုပ်သမားများထံမှ သိမ်းယူလိုက်သောမြေကွက်များ ထိုင်းဆင်းရဲသားများကို ပေးမည်
မြန်မာအလုပ်သမားများထံမှ သိမ်းယူလိုက်သောမြေကွက်များ ထိုင်းဆင်းရဲသားများကို ပေးမည်
နန်းမြနဒီ
·
May 22, 2012
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တိုင်မြို့နယ်ထဲမှာရှိတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားနေအိမ်တွေကို ဖျက်ဆီးပြီးတဲ့နောက်ပိုင်း အဲဒီမြေတွေကို ထိုင်းဆင်းရဲသားတွေအတွက် ချထားပေးမယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။
[caption id="attachment_25735" align="alignleft" width="300" caption=" မြန်မာ ရွှေ့ပြောင်းအလုပ်သမားနေအိမ်တွေကို ဖျက်ဆီးနေစဉ် "][/caption]
မေလ ၁၈ ရက်နေ့က မြေယာပြန်လည်ပေးအပ်ခြင်း အခမ်းအနားမှာ ထိုင်းမြေယာဖွံ့ဖြိုးရေးဦးစီးဌာန အတွင်းရေးမှူးဖြစ်သူ ဒေါက်တာဝီရချိုင်း နသ်ဝိဘွန်းဝုန်းက ခုလို ပြောကြားခဲ့တာပါ။
ချင်းမိုင်မြို့မြောက်ဘက် ၂၆ ကီလိုမီတာအကွာမှာရှိတဲ့ မယ့်တိုင်မြို့နယ် နောင်ဖိုင့်ရွာက အစိုးရပိုင်မြေ ကွက်ပေါင်း ဧက ၃၀ ကျော်ကို မသမာသူတွေက အကွက်ပေါင်း ၂၂၀ ရိုက်ပြီး တပိုင်းကို ဘတ်ငွေ ၂၂၀၀၀ နဲ့ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေကို လိမ်လည်ရောင်းစားခဲ့ပါတယ်။
အလုပ်သမားတွေက အိမ်ရာဆောက်လုပ်နေထိုင်ပြီး လူဦးရေပေါင်း ၅၀၀ ကျော် မှီခိုနေထိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီမြေဟာ ပုဂ္ဂလိကပိုင်မြေမဟုတ်ဘဲ မြေယာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် မြေဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် ချထားတဲ့မြေတွေ ဖြစ်တယ်။ ဒါကို မသမာသူတွေက ကျေးရွာသူကြီးတွေနဲ့ ပူးပေါင်းပြီး ရောင်းစားထားကြောင်း ချင်းမိုင်ခရိုင်လုံခြုံရေးနဲ့ နယ်မြေတည်မြဲရေး ဌာနနဲ့ အခြားဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဖော်ထုတ် အရေးယူခဲ့ပါတယ်။
ဒီမြေကွက်တွေကို ဆင်းရဲသားမှတ်ပုံတင်ထားတဲ့ ထိုင်းလူမျိုးတွေ လုပ်ကိုင်စားသောက်ဖို့ တဦးကို ၂ ကွက်နှုန်းနဲ့ ချပေးသွားမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။