သေဆုံးခဲ့သည့် အက်စတိုရီ၏ ကျောနံပါတ် ၁၃ ကို ဖီအိုနှင့် ကက်ဂလီယာရီ အနားပေး

ဓာတ်ပုံ - skysports
1.5K
ဖီအိုရင်တီးနားနဲ့ ကက်ဂလီယာရီ အသင်းတို့ဟာ ပွဲမကစားခင်မှာ သေဆုံးသွားတဲ့ နောက်ခံလူ ဒေးဗစ်အက်စ်တိုရီရဲ့ ကျောနံပါတ် ၁၃ ကို အနားပေးလိုက်တယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်ရှိ အီတလီလက်ရွေးစင် နောက်ခံလူဟောင်း အက်စတိုရီဟာ မတ်လ ၄ ရက်က အူဒီးနိစ်နဲ့ပွဲမတိုင်ခင် ဟိုတယ်အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ်မှာ သေဆုံးသွားခဲ့တာကြောင့် အီတလီပွဲစဉ်အားလုံးကိုလည်း ပွဲရွှေ့ခဲ့ပါတယ်။
အက်စ်တိုရီဟာ ဖီအိုရင်တီးနားကို မပြောင်းရွှေ့ခင်မှာ ကက်ဂလီယာရီ အသင်းမှာလည်း ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၈ နှစ်ကြာ ကစားခဲ့တာကြောင့် သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၃ ကို တသက်တာ အနားပေးလိုက်တာ ဖြစ်ပါတယ်။
ဖီအိုရင်တီးနားအသင်းဟာ အက်စတိုရီ သေဆုံးသွားပေမယ့် သူ့ရဲ့မိသားစုကို ကူညီထောက်ပံ့ပေးမယ်လို့ သိရပါတယ်။