DVB Logo
Home
မြန်မာသတင်း
ဇိုမီး​အမည်ဖြင့်​ ပါတီ​ထောင်ခွင့်​ ​ရွေး​ကောက်ပွဲ​ကော်မရှင် ပယ်ချ
DVB
·
May 22, 2012
ဇိုမီး​အမည်ဖြင့်​ ပါတီ​ထောင်ခွင့်​ ​ရွေး​ကောက်ပွဲ​ကော်မရှင် ပယ်ချ
Donate to DVB

၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ တိုင်း​ရင်း​သား​ပါတီတခုဖြစ်တဲ့​ ဇိုမီး​အမျိုး​သား​ ကွန်ဂရက်ပါတီ တည်​ထောင်ခွင့်​ ​လျှောက်ထား​တာကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က ဇိုမီး​အမည် လက်မခံနိုင်တာ​ကြောင့်​ ဒီလကုန်​နောက်ဆုံး​ထား​ပြီး​ ပါတီအမည် ​ပြောင်း​ခိုင်း​လိုက်ပါတယ်။

[caption id="attachment_20823" align="alignleft" width="300" caption="ပူးကျင့်ရှင်းထန်း​"][/caption]

လူဝင်မှုကြီး​ကြပ်​ရေး​ဝန်ကြီး​ဌာနက အသိအမှတ်ပြုထား​တဲ့​ တိုင်း​ရင်း​သား​ လူမျိုး​စာရင်း​မှာ ဇိုမီး​ အမည်မပါလို့​ ခုလို အမည်​ပြောင်း​ခိုင်း​ထား​တာလို့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ဒု-ညွှန်ကြား​ရေး​မှူး​ ဦး​လှ​မောင်ချိုက ဒီဗွီဘီကို ​ပြောပါတယ်။

“နာမည်​ပြောင်း​ဖို့​အတွက် အ​ကြောင်း​ကြား​ထား​တာပါ။ လူဝင်မှု ကြီး​ကြပ်​ရေး​နဲ့​ ပြည်သူ့​အင်အား​ ဦး​စီး​ဌာနက​နေ အသိအမှတ်ပြုထား​တဲ့​ လူမျိုး​စာရင်း​မှာ မပါလို့​ပါ။”

ဇိုမီး​အမျိုး​သား​ကွန်ဂရက်​ခေါင်း​ဆောင် ဦး​ပူကျင့်​ရှင်း​ထန်က​တော့​ ကိုယ့်​တိုင်း​ရင်း​သား​ အမည် ကိုယ် ​ခေါ်​ဝေါ်သုံး​စွဲခွင့်​ဟာ ကိုယ်ပိုင်အခွင့်​အ​ရေး​ဖြစ်ပြီး​ ဒီလိုပယ်ချခံရတာ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ကို ထိခိုက်နိုင်​စေတယ်လို့​ ​ပြောပါတယ်။

“ကျ​နော်တို့​ စကား​ကို အသုံး​စွဲမခံတဲ့​ သ​ဘောဗျာ။ ကျ​နော်တို့​ ဝမ်း​နည်း​တာက ဘာ​ကြောင့်​လဲဆို​တော့​ ကျ​နော်တို့​စကား​ကို နည်း​နည်း​ပါး​ပါး​ သုံး​လို့​မရဘူး​လား​။ ပါတီဆိုတာ နာမည်​ပေး​တာပဲ၊​ ကင်ပွန်း​တပ်တာကို ကိုယ့်​စကား​နဲ့​တပ်တာ ဘာဖြစ်လဲ။ ​နောက်ပြီး​ မှတ်ပုံတင်တဲ့​ အာဏာပိုင်​တွေက ဟိုထဲမှာမရှိဘူး​၊​ ဒီထဲမှာ မရှိဘူး​ဆိုပြီး​ အ​ကြောင်း​ပြပြီး​ လုပ်တာက သူတို့​က​တော့​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ကို ထိခိုက်​စေမယ့်​ ဥပ​ဒေကို ကိုး​ကား​ပြီး​တော့​ ကျ​နော်တို့​ကို ပယ်တယ်။ သူတို့​ကိုယ်တိုင်က တိုင်း​ရင်း​သား​စည်း​လုံး​ ညီညွတ်​ရေး​ကို ထိခိုက်ပြီး​ လုပ်တယ်လို့​ ဆိုလိုတာပါ။ ရှိတာကို သိလျက်နဲ့​ မရှိဘူး​ဆိုတာ ​ပြောတာကို ဝမ်း​နည်း​မိတယ်။ ဒီဟာကို အ​ကြောင်း​မဟုတ်ပါဘူး​။ နိုင်ငံ​ရေး​ပါတီ​လောက်၊​ ဟိုထဲမှာ ဝင်နိုင်ရုံ​လောက်က အ​ရေး​မကြီး​ပဲနဲ့​ ဒီလို​တွေ မရှိဘူး​လို့​ဆိုတာက ကျ​နော်တို့​ကို ​တော်​တော်​လေး​ ထိခိုက်​နေတဲ့​အတွက် ဒါကျ​နော်တို့​ အခွင့်​အ​ရေး​ပဲဆိုတာကို ​လေး​လေး​နက်နက် ​ပြောတာပါ။”

ဇိုမီး​အမျိုး​သား​ကွန်ဂရက်အ​နေနဲ့​ ပါတီအမည်သစ်​ပြောင်း​ပြီး​ ပြန်လည် ​လျှောက်ထား​သင့်​ မသင့်​ ဆိုတာနဲ့​ ပတ်သက်ပြီး​ ပါတီ​ခေါင်း​ဆောင်​တွေ ​ဆွေး​နွေး​ညှိနှိုင်း​နေဆဲပဲလို့​ ဦး​ပူကျင့်​ရှင်း​ ထန်က ​ပြောပါတယ်။

ဇိုမီး​အမျိုး​သား​ကွန်ဂရက်ဟာ ၁၉၉၀ ပြည့်​ ပါတီစုံဒီမိုက​ရေစီ​ရွေး​ကောက်ပွဲမှာ ကိုယ်စား​လှယ်​နေရာ ၂ ​နေရာ အနိုင်ရရှိခဲ့​တဲ့​ ပါတီဖြစ်ပါတယ်။ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ အတူ မဟာမိတ်ပါတီအဖြစ် နှစ် ၂၀ ​ကျော်ကြာ ရပ်တည်ခဲ့​ပြီး​ ၂၀၁၀ ​ရွေး​ကောက်ပွဲကို အတူသပိတ်​မှောက်ခဲ့​ပါတယ်။

အန်အယ်လ်ဒီပါတီ မှတ်ပုံပြန်တင်ပြီး​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်ပြီး​နောက် ရှမ်း​၊​ ရခိုင် စတဲ့​ မဟာမိတ်ပါတီ​တွေနည်း​တူ ပါတီထူ​ထောင်ခွင့်​တွေ ​လျှောက်ထား​ခဲ့​တာ ဖြစ်ပါတယ်။

ဇိုမီး​အမျိုး​သား​ ကွန်ဂရက်ပါတီအမည်ကို ​ကော်မရှင်က ခွင့်​မပြုတဲ့​ ဆုံး​ဖြတ်ချက်ဟာ တရား​မျှတမှုမရှိဘူး​လို့​ ချင်း​ပြည်နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦး​ဗန်လျံက ​ပြောပါတယ်။

“၁၉၉၀ တုန်း​ကလည်း​ ​ရွေး​ကောက်ပွဲမှာ ဇိုမီး​အမျိုး​သား​ ကွန်ဂရက်အ​နေနဲ့​ ​ရွေး​ကောက်ပွဲ ဝင်ခိုင်း​ပြီး​တော့​ အမတ်​တောင်မှ ၂ ​ယောက်ရတယ်။ အခုကျမှ အဲဒါကို ပြန်လည်ဖျက်သိမ်း​တာ​တော့​၊​ ဘာသ​ဘောလဲလို့​ ယူဆလို့​တော့​ မရဘူး​။ ​ရွေး​ကောက်ပွဲမှာ လက်ခံပြီး​တော့​မှ ပါလီမန်မှာ အမတ်ရပြီး​မှ၊​ အခုကျမှ ဇိုမီး​လူမျိုး​ဆိုတာ မရှိဘူး​၊​ အဲဒီလိုသတ်မှတ်တာ​တော့​ နည်း​နည်း​မတရား​ဘူး​လို့​ ယူဆတယ်။”

မြန်မာနိုင်ငံမှာ ချင်း​တိုင်း​ရင်း​သား​လူဦး​ရေ ၄ သိန်း​လောက် ရှိနိုင်မယ်လို့​ ချင်း​ခေါင်း​ဆောင်​တွေက ခန့်​မှန်း​ထား​ပြီး​ အဓိကအား​ဖြင့်​ ချင်း​ပြည်နယ် တီး​တိန်နဲ့​ တွန်း​ဇံမြို့​နယ် နှစ်ခုက ချင်း​တိုင်း​ရင်း​သား​တွေက သူတို့​ဘာသာစကား​နဲ့​ သူတို့​ကိုယ်သူတို့​ ဇိုမီး​လို့​ ​ခေါ်​ဝေါ်ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013