ပီအက်စ်ဂျီကို ၂ ဂိုး ၁ ဂိုးဖြင့် ထပ်မံအနိုင်ယူပြီး ရီးရဲလ် ချန်ပီယံလိဂ်ကွာတားတက် (ရုပ်သံဟိုက်လိုက်)

1.6K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ အဝေးကွင်းမှာ ပီအက်စ်ဂျီကို နှစ်ဂိုး တဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
လက်ရှိချန်ပီယံ ရီးရဲလ်အသင်းဟာ နှစ်ပွဲပေါင်းရလဒ် ငါးဂိုး နှစ်ဂိုးနဲ့ အနိုင်ရသွားတာပါ။
အဝေးကွင်းမှာကစားတဲ့ ဒီပွဲမှာ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ၅၁ မိနစ်မှာ တိုက်စစ်မှူး ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူပါတယ်။
ရီးရဲလ်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။
၆၆ မိနစ်မှာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ဗာရက်တီ နှစ်ဝါ တနီနဲ့ အထုတ်ခံလိုက်ရပါတယ်။
ပီအက်စ်ဂျီအတွက် ချေပဂိုးကိုတော့ ၇၁ မိနစ်မှာ တိုက်စစ်မှူး ကာဗာနီက သွင်းယူခဲ့ပြီး ရီးရဲလ်အတွက် ဒုတိယဂိုးကို မိနစ် ၈၀ မှာ ကက်စ်မဲရိုးက သွင်းယူပြီး အနိုင်ရသွားပါတယ်။
ပီအက်စ်ဂျီနည်းပြကတော့ ရီးရဲလ်ကစားတာ ပိုကောင်းပြီး နောက်တဆင့်ကိုတက်ဖို့ ထိုက်တန်တယ်လို့ ပြောသွားပါတယ်။