DVB Logo
Home
မြန်မာသတင်း
မီးရရှိရေးဆန္ဒထုတ်ဖော်သူအချို့ ခေါ်ယူစစ်ဆေးခံရ
DVB
·
May 22, 2012
မီးရရှိရေးဆန္ဒထုတ်ဖော်သူအချို့ ခေါ်ယူစစ်ဆေးခံရ
Donate to DVB

မေ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး တောင်းဆို ဆန္ဒဖော်ထုတ်မှုနဲ့ ပတ်သက်ပြီး လူတချို့ကို အထူးရဲသတင်းတပ်ဖွဲ့က ဒီမနက် အစောပိုင်း မှာ ခေါ်ယူမေးမြန်းခဲ့ပါတယ်။

ခေါ်ယူစစ်ဆေးခံရသူတွေထဲက ဆရာညီပုလေးက  ဒီမနက်ပိုင်းမှာ သူ့ကို အထူးရဲသတင်းတပ်ဖွဲ့က လာရောက်ခေါ်ဆောင်ပြီး  မီးရရှိရေး ဆန္ဒဖော်ထုတ်မှုမှာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ဦးဆောင်လုပ်လဲ စတာတွေကို စစ်ဆေး မေးမြန်းခဲ့တာလို့ ပြောပါတယ်။

“အဓိကတော့ ၂ ရက် ကျင်းပတဲ့ ဖယောင်းတိုင် မီးထွန်းပြီး တောင်းဆိုမှုမှာ ဆန္ဒပြတဲ့အထဲမှာ နောက်ကွယ်က ဘယ်သူပါတယ်ဆိုတာ၊ ဘယ်အဖွဲ့အစည်းတွေလဲ ဆိုတာကို သိချင်တာပါ။ အဲလိုသိချင်တာကလည်း ကျနာ့်ကိုမေးတဲ့ ပုဂ္ဂိုလ်ပြောတာကတော့ အရေးယူဖို့ မဟုတ်ပါဘူး။ အဲဒီပုဂ္ဂိုလ်နဲ့ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ တွေ့ဖို့ပါလို့ ပြောပါတယ်။ အဲဒါနဲ့ တဆက်တည်းပဲ လွတ်လပ်စွာတန်းစီ ဆန္ဒပြဖော်ထုတ်ခွင့် ဥပဒေက မပြီးသေးဘူးဆိုတာလည်း ပါပါတယ်။”

ခေါ်ယူစစ်ဆေးခံရသူတွေထဲမှာ  သတင်းထောက် မင်းထက်ငြိမ်းချမ်းအပြင် မန္တလေး အန်အယ်လ်ဒီမှ ဦးဇော်ဝင်းအောင်နဲ့ ပါတီဝင်တွေအပါအ၀င် လူ ၂၀ လောက်ကို တွေ့ခဲ့တယ်လို့ ဆရာညီပုလေးက ပြောပါတယ်။ သူ့ကို ကောင်းကောင်းမွန်မွန်ပဲ မေးမြန်းပြီး နေ့ခင်း ၁၂ နာရီမှာ ပြန်ခွင့်ပြုခဲ့တယ်လို့ ပြောပါတယ်။

မန္တလေးမြို့မှာ ကနဦးရရှိနေတဲ့  ၁ ရက် ၆ နာရီ လျှပ်စစ်မီးဟာ ပြီးခဲ့တဲ့ ဧပြီလကစပြီး မရတော့တဲ့ အတွက်  မြို့ခံလူဦးရေ ရာပေါင်းများစွာက အခုလ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ လမ်းတွေပေါ်မှာ ဖယောင်းတိုင်းမီးထွန်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီ ဆန္ဒထုတ်ဖော်မှုကြောင့် အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးနဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြတ်အောင်တို့က မေ ၂၁ ရက်နေ့ ညနေ ၅ နာရီမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒုဝန်ကြီးက လျှပ်စစ်မီးကို ချက်ချင်းပြင်ဆင် တပ်ဆင်ပေးမယ်လို့ ကတိပေး ပြောကြားခဲ့သလို ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီလို ရှင်းလင်းပြောကြားပြီး နောက်တရက်မှာ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ခေါ်ယူမေးမြန်းတာ ဖြစ်ပါတယ်။ မီးရရှိရေး ဆန္ဒထုတ်ဖော် တောင်းဆိုသူတွေကတော့ မေ ၂၂ ရက်အထိ တောင်းဆို ဆန္ဒပြမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013