DVB Logo
Home
မြန်မာသတင်း
ပင်လယ်ကူး​သ​င်္ဘောသား​များ​အသင်း​ အလုပ်သမား​အဖွဲ့​အဖြစ် ရပ်တည်မည်
DVB
·
May 22, 2012
ပင်လယ်ကူး​သ​င်္ဘောသား​များ​အသင်း​ အလုပ်သမား​အဖွဲ့​အဖြစ် ရပ်တည်မည်
Donate to DVB

မြန်မာသ​င်္ဘောသား​တွေအတွက် အလုပ်သမား​ရပိုင်ခွင့်​နဲ့​ အခွင့်​အ​ရေး​တွေ ပိုမိုရရှိ ​အောင်ရည်ရွယ်ပြီး​ မြန်မာသ​င်္ဘောသား​အသင်း​ အဖွဲ့​တွေက​နေ အလုပ်သမား​ အဖွဲ့​အစည်း​အဖြစ် ​ပြောင်း​လဲရပ်တည်​တော့​မယ်လို့​ အဖွဲ့​တာဝန်ရှိသူ​တွေက ​ပြောပါတယ်။

လွန်ခဲ့​တဲ့​ ၁၀ နှစ်​လောက်ကတည်း​က မြန်မာပင်လယ်ကူး​ သ​င်္ဘောသား​တွေရဲ့​ အ​ရေး​ကူညီ ​ဆောင်ရွက်​ပေး​ဖို့​ ဖွဲ့​စည်း​ထား​တဲ့​ မြန်မာနိုင်ငံပင်လယ်ကူး​ သ​င်္ဘောသား​များ​အသင်း​ Myanmar Overseas Seafarers Association (MOSA)ကို ဖျက်သိမ်း​ပြီး​ အလုပ်သမား​အဖွဲ့​အစည်း​တခုရဲ့​ လက်​အောက်မှာ ​ပြောင်း​လဲ ရပ်တည်​တော့​မယ်လို့​ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမား​အဖွဲ့​အစည်း​ ဥပ​ဒေပြဋ္ဌာန်း​လိုက်ပြီဖြစ်ပြီး​ ပင်လယ်ကူး​ သ​င်္ဘောသား​တွေလည်း​ အလုပ်သမား​တွေဖြစ်တဲ့​အတွက် မိုဆာ အသင်း​ဝင်​တွေအ​နေနဲ့​ မြန်မာနိုင်ငံ ပင်လယ်ကူး​သ​င်္ဘောသား​များ​ အလုပ်သမား​အဖွဲ့​ချုပ်​အောက်ကို ​ပြောင်း​လဲဖို့​စီစဉ်​နေတာလို့​ မိုဆာအုပ်ချုပ်​ရေး​မှူး​ ဦး​ကိုကိုနိုင်က ​ပြောပါတယ်။

“နှစ်ဖက်စလုံး​ကလည်း​ တရား​ဝင်​ပြောထား​တယ်။ ဘာလို့​လဲဆို​တော့​ အလုပ်သမား​အဖွဲ့​အစည်း​ ဥပ​ဒေအရ သ​င်္ဘောသား​တွေဟာ ​ရေလုပ်သား​တွေဖြစ်တဲ့​အတွက် အလုပ်သမား​အဖွဲ့​အောက်ကို ​ပြောင်း​လဲဖွဲ့​စည်း​တာ ဖြစ်ပါတယ်။”

မြန်မာအစိုး​ရက အလုပ်သမား​အဖွဲ့​အစည်း​ ဥပ​ဒေသစ်ထုတ်ပြန်ပြီး​နောက် မြန်မာပြည်တွင်း​မှာ အလုပ်သမား​အဖွဲ့​အစည်း​တွေ အသီး​သီး​ထူ​ထောင်​နေကြရာမှာ မြန်မာနိုင်ငံ ပင်လယ်ကူး​သ​င်္ဘောသား​ အလုပ်သမား​အဖွဲ့​ချုပ်ကိုလည်း​ ပြီး​ခဲ့​တဲ့​ ဧပြီ ၂၅ ရက်​နေ့​ကတည်း​က ဖွဲ့​စည်း​ထား​ပြီး​ဖြစ်ပါတယ်။

အခုလို မိုဆာအသင်း​အ​နေနဲ့​ ပင်လယ်ကူး​သ​င်္ဘောသား​ အလုပ်သမား​ အဖွဲ့​ချုပ်ဝင်အဖြစ် ​ပြောင်း​လဲရပ်တည်လိုက်ခြင်း​အား​ဖြင့်​ ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို)နဲ့​ ပူး​ပေါင်း​ပြီး​ မြန်မာသ​င်္ဘောသား​ အလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​တွေ ပိုမိုရ​အောင် ​ဆောင်ရွက်နိုင်လိမ့်​မယ်လို့​ ဦး​ကိုကိုနိုင်က ​ပြောပါတယ်။

“ဒီအသင်း​ကို​ရော အသင်း​မှာပါတဲ့​အဖွဲ့​ဝင်​တွေကို​ရော ပိုပြီး​ ကာကွယ် ​စောင့်​ရှောက်မှု ​ပေး​နိုင်မယ် ထင်ပါတယ်။ အိုင်အယ်လ်အိုက သတ်မှတ် ထုတ်ပြန်ထား​တဲ့​ အချက်​တွေနဲ့​အညီ ကာကွယ်​စောင့်​ရှောက်​ပေး​နိုင်လိမ့်​မယ်လို့​ ထင်ပါတယ်။”

မြန်မာသ​င်္ဘောသား​တဦး​က လက်ရှိမြန်မာပင်လယ်ကူး​ သ​င်္ဘောသား​တွေဟာ တခြား​နိုင်ငံက သ​င်္ဘောသား​တွေထက် လုပ်ခလစာ တန်း​တူမရဘဲ အနှိမ်ခံရတဲ့​ကိစ္စကို မြန်မာသ​င်္ဘောသား​ အလုပ်သမား​အဖွဲ့​အစည်း​တွေအ​နေနဲ့​ ကူညီ​ဆောင်ရွက်​ပေး​ဖို့​ လိုလား​တယ်လို့​ ​ပြောပါတယ်။

“သွား​လုပ်တဲ့​ ကုမ္ပဏီ​တွေ​ပေါ်မူတည်တယ်။ တချို့​ကုမ္ပဏီ​တွေမှာ​တော့​ သူတို့​လူမျိုး​ဆိုရင် လစာပို​ပေး​တယ်။ မြန်မာ​တွေဆိုရင် လစာ​လျှော့​တယ်။ အဲ့​လိုမျိုး​တွေ ညီတူညီမျှဖြစ်​အောင် လုပ်သင့်​တယ်​ပေါ့​ဗျာ။ ဥ​ရောပဆိုလည်း​ ဥ​ရောပ၊​ အ​နောက်နိုင်ငံ​တွေက သ​င်္ဘောသား​တွေနဲ့​လည်း​ တန်း​တူမျိုး​၊​ လစာမျိုး​ ဖြစ်သင့်​တယ်။ တရုတ်နဲ့​ဆိုလည်း​ တရုတ်နဲ့​ တန်း​တူ​ပေါ့​။ အခုက မြန်မာ​တွေဆို လစာနည်း​တယ်။ ​လျှော့​ပေး​တယ်။ မြန်မာ​တွေက ​ပေါတယ်ဆိုပြီး​ မြန်မာ​တွေကို ​ခေါ်တယ်။ လစာ​လျော့​ရတဲ့​ ကုမ္ပဏီ​တွေလည်း​ အများ​ကြီး​ရှိတယ်။ သ​င်္ဘောတစီး​ အတူတူချင်း​၊​ ရာထူး​တူရင်​တောင်မှ မြန်မာဆို​လျှော့​ပေး​တာမျိုး​ ရှိတယ်။”

မိုဆာအသင်း​ကို ၂၀၀၂ ခုနှစ်ကတည်း​က ယခင်က ပြည်ထဲ​ရေး​ဝန်ကြီး​ဌာန လက်​အောက်မှာရှိတဲ့​ အဖွဲ့​အစည်း​များ​ စည်း​မျဉ်း​ဥပ​ဒေအရ ဖွဲ့​စည်း​ထား​တာဖြစ်ပြီး​ အဖွဲ့​ဝင် ၃ ​သောင်း​ကျော်​လောက် ရှိ​နေတာပါ။

ဒီအသင်း​အ​နေနဲ့​ သ​င်္ဘောသား​တွေရဲ့​ အခွင့်​အ​ရေး​ကို ကာကွယ်​စောင့်​ရှောက်ဖို့​၊​ သာ​ရေး​နာ​ရေး​၊​ လူမှုဖူလုံ​ရေး​နဲ့​ သ​င်္ဘောသား​တွေအတွက် ပညာ​ပေး​လုပ်ငန်း​တွေ လုပ်ကိုင်ဖို့​ရည်ရွယ်ဖွဲ့​စည်း​ခဲ့​တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013