A d v e r t i s e m e n t With Us

မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန် ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဘောလုံးပေးပို့မှုအများဆုံး စံချိန်တင်

မန်စီးတီး ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ ချဲလ်ဆီးကိုအနိုင်ရတဲ့ပွဲမှာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဘောလုံးပေးပို့မှု အများဆုံးအဖြစ် စံချိန်တင်သွားပါတယ်။ အဲဒီပွဲမှာ မန်စီးတီးက ချဲလ်ဆီးအသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ တပွဲလုံးမှာ ဘောလုံးပေးပို့မှု ၁၆၇ ကြိမ်အထိရှိခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းတလျှောက် အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ မန်စီးတီးကွင်းလယ်ကစားသမား ဂန်ဒိုဂန်နဲ့ အာဆင်နယ် ကွင်းလယ်ကစားသမား ကာဇိုလာတို့က ဘောလုံးပေးပို့မှု ၁၅၇ ကြိမ်နဲ့ ၁၅၄ ကြိမ် အသီးသီးပေးပို့ပြီး စံချိန်တင်ထားတာဖြစ်ပြီး လက်ရှိအချိန်မှာ ဂန်ဒိုဂန်က ကျော်ဖြတ်သွားတာပါ။ ဒါ့အပြင် မန်စီးတီးအသင်းဟာလည်း ဘောလုံးပေးပို့မှုအကြိမ် စုစုပေါင်း ၉၀၂ ကြိမ်ရှိခဲ့ပြီး အခုအချက်အလက်ကို စတင်ပြုလုပ်ခဲ့တဲ့ ၂၀၀၃ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ချဲလ်ဆီးနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းနဲ့ အကောင်းဆုံးခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up