A d v e r t i s e m e n t With Us

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်​ခြား​စောင့်တပ်​များ နယ်​စပ်​တွင်​ ပူး​ပေါင်းကင်းလှည့်

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ BGB တို့ ပူးပေါင်းပြီး နှစ်နိုင်ငံနယ်စပ်မှာ ကင်းလှည့် ဆောင်ရွက်နေတယ်လို့ မြန်မာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်မှ ၂၆ ရက်ထိ  နယ်စပ်မှတ်တိုင် ၄၂ မှ ၅၅ ထိ ၁၄ ကြိမ် ကင်းလှည့် ဆောင်ရွက်ခဲ့တယ်လို့  ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာမှာ ​​ဖော်​ပြထားပါတယ်​။ နှစ်​နိုင်​ငံနယ်စပ်တလျှောက် အကြမ်းဖက်သမားတွေ ခိုအောင်းလှုပ်ရှားမှု မရှိစေရေးနဲ့ တရားမဝင် လူခိုးဝင်၊ ခိုးထွက်တာတွေ တားဆီးဖမ်းမိနိုင်​​ရေး၊ တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေ ခိုးသွင်း၊ ခိုးထုတ်တာတွေကို  တားဆီးနိုင်ရေးအပြင် နှစ်နိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့အချင်းချင်း ချစ်ခင်ယုံကြည်မှုရရှိကာ နယ်ခြားမျဉ်းနယ်နိမိတ်တလျှောက်မှာ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေကို အချိန်နဲ့တပြေးညီ သတင်းညှိနှိုင်းဖလှယ်နိုင်ဖို့ စတာတွေအတွက် ရည်​ရွယ်​ပြီး ဆောင်ရွက်တာလို့ ဆိုပါတယ်။ အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကိုလည်း မတ် ၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းနှစ်နိုင်ငံ နယ်စပ်မှတ်တိုင် (၃၁/၁) ဂေါင်းဒုံ BGB စခန်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး တရားမဝင် နေရပ်စွန့်ခွာ နေထိုင်သူတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ညှိနှိုင်းပြီး လှည့်ကင်းဆောင်ရွက်မယ့် အစီအမံတွေ နှစ်နိုင်ငံ နယ်စပ်တလျှောက် ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေကို  အချိန်နှင့်တပြေးညီ သတင်းညှိနှိုင်းဖလှယ်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ဆွေးနွေးပွဲကို အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စောဇေယျာလင်းနဲ့ အဖွဲ့ဝင် ၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် (၃၄) BGB တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းနဲ့  အဖွဲ့ဝင် ၆ ဦး တက်ရောက်ခဲ့ကြပါတယ်။ Photo : MOI

A d v e r t i s e m e n t With Us

More News
Up