DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် လျှပ်စစ်မီးရရှိရေး ဆက်လက်ဆန္ဒပြ
DVB
·
May 21, 2012
မန္တလေးမြို့တွင် လျှပ်စစ်မီးရရှိရေး ဆက်လက်ဆန္ဒပြ
Donate to DVB

မန္တလေးမြို့မှာ လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ရာနဲ့ ချီတဲ့ မြို့ခံတွေဟာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်မီးတွေကို ကိုင်ဆောင် စုဝေးလမ်းလျှောက်ပြီး မြို့ထဲလမ်းမတွေမှာ ၂ ရက်မြောက်နေ့အဖြစ် ဒီနေ့ ဆက်လက် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါတယ်။

တနေ့ကို လျှပ်စစ်မီး ၆ နာရီပေးမယ်လို့ ကတိစကားရှိပေမယ့် ၆ နာရီ မလာတဲ့အတွက် မီးပုံမှန်လာရေးအတွက် ငြိမ်းချမ်းစွာဆုတောင်း ဆန္ဒဖော်ထုတ်နေကြတာပါ။ မီးမလာတဲ့အတွက် ရေတင်မရဘဲ သောက်ရေသုံးရေ ပြတ်လပ်မှုနဲ့လည်း မြို့ခံတွေ ကြုံတွေ့နေကြရပါတယ်။

အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးနဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြတ်အောင်တို့က မန္တလေး ခရိုင် အတွင်းရှိ မြို့နယ်တွေက ရပ်မိရပ်ဖပြည်သူတွေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေနဲ့ပတ်သက်ပြီး ဒီနေ့ ညနေပိုင်း လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမမှာ ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူနဲ့ တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက တာဝန်ရှိသူများ တက်ရောက်ကြပြီး တက်ရောက် လာသူတွေရဲ့ တင်ပြချက်တွေကို ပြန်လည်ရှင်းလင်းတင်ပြပါတယ်။

မီးမလာရတဲ့အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး နွေရာသီ ဆည်ရေနည်းမှုကြောင့် ရေအား လျှပ် စစ်စက်ရံတွေ ဓာတ်အားထုတ် လုပ်မှုကျဆင်းတာ။ ၊ ပူပြင်းတဲ့ရာသီဥတုကြောင့် လူတွေလျှပ်စစ်ဓာတ်အား ပိုသုံးလာတာနဲ့ ရွှေလီ-မန်စံ လျှပ်စစ်ဓာတ်အားပေးတာဝါတိုင် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံရတာ တွေကြောင့် မီးပုံမှန်မပေးနိုင်တာလို့ လျှပ်စစ်ဌာနက တာဝန်ရှိသူတွေက သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

ဒုဝန်ကြီးက တင်ပြလာတဲ့ ပြဿနာတွေကို မနက်ဖြန်ကစပြီး  ချက်ချင်း ပြင်ဆင်  တပ်ဆင် ပေးမှုတွေ လုပ်ပေးမယ်လို့ ကတိပေးတယ်လို့ သိရပါတယ်။

လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်နေကြစဉ်

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013