A d v e r t i s e m e n t With Us

စီဒေါစာချုပ်ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရန် တိုက်တွန်း

အမျိုးသမီးတွေကို နည်းမျိုးစုံ ခွဲခြားမှုပပျောက်ရေး သဘောတူစာချုပ် စီဒေါ (Cedaw) စာချုပ်မှာ အပိုဒ် ၂၉ ကို ခြွင်းချက်မထား လက်မှတ်ထိုးရေးအတွက် အစိုးရကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီလုပ်ငန်းကော်မတီက တောင်းဆိုလိုက်ပါတယ်။ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် တောင်းဆိုလိုက်တာလို့ လူ့ဘောင်သစ်ပါတီ အမျိုးသမီးလုပ်​ငန်း​ကော်​မတီ ဆက်​သွယ်​​ရေးတာဝန်​ခံ ​ဒေါ်သက်​ဇွန်​လင်းထက်​က ပြောပါတယ်။ “တာဝန်​ခံ အဓိပ္ပာယ်​ဖွင့်ဆိုချက်​နဲ့ အ​ကောင်​အထည်​​ဖော်​တဲ့အခါ အခုလို ခြွင်းချက်​ထားတာ​ကြောင့် အမျိုးသမီး​တွေအတွက်​ အပြည့်အဝ အကာအကွယ် ​မဖြစ်​ဘူး ဖြစ်​​နေတယ်​။ အခု လာမယ့်ဇူလိုင်​လမှာ ၂၁ နှစ် ​ပြည့်​တော့မယ်။ အစိုးရဘက်က ​Report ​တော့ တက်​တယ်​။ တကယ်​​ ပြောင်းလဲလား၊ မ​ပြောင်းလဲဆိုတာ သိပြီးသား ဖြစ်​တယ်​။ ဘာလို့ ထူးထူးခြားခြား မ​ပြောင်းလဲတာလည်း စဉ်းစားရမယ့်အချက်​ ဖြစ်​တယ်​။ အ​ကောင်​အထည်​​ဖော်​တဲ့​ နေရာမှာ နည်းမှန်​လမ်းမှန်​ မဖြစ်​ဘူး။ အ​ကောင်​အထည်​​ဖော်​မှု အားနည်း​နေတာကို​ ပြောလို့မရဘူး ဖြစ်​​နေတယ်။ ဒါကြောင့် ကျ​မတို့ အခုလို​ တောင်းဆိုဖြစ်​​တယ်။" ၁၉၉၇ ဇူလိုင်လ ၂၂ ရက်နေ့ က စီဒေါ (Cedaw) စာချုပ်ကို မြန်မာအစိုးရက အပိုဒ် ၂၉ ကို ခြွင်းချက်ထားကာ လက်မှတ်ရေးထိုးခဲ့တာပါ။ စီဒေါ အပိုဒ် (၂၉) ခြွင်းချက်ထား လက်မှတ်ရေးထိုးထားမှုကြောင့် အမျိုးသမီးတွေအပေါ် ခွဲခြားဖိနှိပ်ခံရမှု ပပျောက်ရေးကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်ဖို့အတွက် ဝိုင်းဝန်း တည့်မတ် ထိန်းကျောင်းပေးဖို့ အခွင့်အလမ်းမရှိစေတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up