DVB Logo
Home
မြန်မာသတင်း
ကေအိုင်​အေနှင့်​ အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​ ထိုင်း​နိုင်ငံတွင် ​တွေ့​ဆုံ
DVB
·
May 21, 2012
ကေအိုင်​အေနှင့်​ အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​ ထိုင်း​နိုင်ငံတွင် ​တွေ့​ဆုံ
Donate to DVB

မြန်မာအစိုး​ရ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ကချင်ပြည် လွတ်​မြောက်​ရေး​တပ်မ​တော် (​ကေအိုင်​အေ)က ကိုယ်စား​လှယ်တချို့​ ထိုင်း​-မြန်မာ နယ်စပ် ချင်း​ရိုင်ခရိုင်မှာ ဒီ​နေ့​ အလွတ်သ​ဘော ​တွေ့​ဆုံခဲ့​ပါတယ်။

[caption id="attachment_25692" align="alignleft" width="300" caption="ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့​နှင့်​ ပြီး​ခဲ့​တဲ့​ မတ်လအတွင်း ဆွေးနွေးခဲ့စဉ်က"][/caption]

ဒီ​တွေ့​ဆုံပွဲမှာ မြန်မာအစိုး​ရဘက်က ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ လုပ်ငန်း​ကော်မတီ ဒု - ဥက္ကဋ္ဌ ဦး​အောင်မင်း​ ​ခေါင်း​ဆောင်ပြီး​ ​ကေအိုင်​အေဘက်က ဒု - ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ် ဂွမ်​မော် ဦး​ဆောင်ပါဝင်တယ်လို့​ ကချင်အသိုင်း​အဝန်း​က သိရပါတယ်။

ဆွေး​နွေး​ပွဲ အ​သေး​စိတ်အချက်အလက်​တွေက​တော့​ မသိရ​သေး​ပါဘူး​။

ကချင်သတင်း​ဌာန အယ်ဒီတာ ကို​နော်ဒင်း​က “အဓိက သူတို့​ အရင်က ဦး​အောင်​သောင်း​ ဦး​ဆောင်တဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်တဲ့​ အဖွဲ့​နဲ့​ ​ကေအိုင်အိုကြား​မှာ ​ဆွေး​နွေး​ပွဲ​တွေအား​လုံး​က မရှိ​တော့​ဘူး​၊​ မ​အောင်မြင်​တော့​ဘူး​၊​ လုံး​ဝရပ်သွား​တော့​ ​နောက်တဆင့်​ အသစ်ဖွဲ့​စည်း​ထား​တဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ကော်မတီနဲ့​ ဘယ်လို​ဆွေး​နွေး​ကြမလဲဆိုတဲ့​ အပိုင်း​ပေါ့​။ အဲဒီကိစ္စကို အဓိက ညှိတယ်ဆိုတာ သိရတယ်။ အခု​နောက်ပိုင်း​မှာ ဒီ​ဆွေး​နွေး​ပွဲက ​အောင်မြင်တယ်ဆိုရင် သူတို့​နောက်ပိုင်း​မှာ တရုတ်ပြည်မှာဖြစ်ဖြစ် ​ဆွေး​နွေး​ပွဲ​တွေ ထပ်လုပ်မယ်။”

ဦး​အောင်မင်း​နဲ့​အဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကပဲ ကျိုင်း​တုံမြို့​မှာ ရှမ်း​ပြည်တပ်မ​တော် အာစီအက်စ်အက်စ်/အက်စ်အက်စ်​အေ နဲ့​ ​တွေ့​ဆုံပွဲအပြီး​ ​ကေအိုင်အိုနဲ့​ အခုလို ​တွေ့​ဆုံခဲ့​တာပါ။

ကေအိုင်အိုနဲ့​ အစိုး​ရတပ်​တွေအကြား​ ပြီး​ခဲ့​တဲ့​နှစ် ဇွန်လကစပြီး​ တိုက်ပွဲ​တွေ ပြန်လည်စတင်ခဲ့​တာပါ။ တိုက်ပွဲဖြစ်တဲ့​ ကာလအတွင်း​မှာ ၃ ကြိမ်တိုင်တိုင် ​တွေ့​ဆုံခဲ့​ပေမယ့်​ ​ပြေလည်မှုမရခဲ့​ပါ။ တိုက်ပွဲ​တွေ​ကြောင့်​ ဒုက္ခသည်​ပေါင်း​ ၆ ​သောင်း​ကျော်ခန့်​ စစ်​ဘေး​အန္တရာယ် လွတ်ရာ ထွက်​ပြေး​တိမ်း​ရှောင်​နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013