အကောင်းဆုံးတေးဂီတဆုကို ပြင်သစ်ဂီတပညာရှင် အဲလက်ဇန်ဒရီဒီပလပ်စ် ဆွတ်ခူး

ဓာတ်ပုံ - ရိုက်တာ
၂၀၁၈ အော်စကာထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး တေးဂီတဆုကို ပြင်သစ် ဂီတပညာရှင် အဲလက်ဇန်ဒရီဒီပလပ်စ် (Alexandre Desplat) ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီပလပ်စ်ဟာ "The Shape of Water" ဇာတ်ကားနဲ့ အော်စကာဆုကို ဒုတိယအကြိမ် ရရှိတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အကောင်းဆုံး ဇာတ်ဝင်တေးဆုကို "Coco" ဇာတ်ကားနဲ့ ခရစ္စတင်းအန်ဒါဆင်လိုပက်ဇ်၊ ခင်ပွန်းဖြစ်သူ ရောဘတ်လိုပက်ဇ်တို့က ရရှိသွားပါတယ်။ သူတို့နှစ်ဦးဟာ "Remember Me" ဆိုတဲ့ ဇာတ်ဝင်တေးနဲ့ အော်စကာဆုကို ရရှိသွားတာပါ။ အော်စကာဆုရှင် ခရစ္စတင်းလိုပက်ဇ်က “ကျမတို့ဟာ ကွဲပြားရုံတင်မကဘဲ ကျား မ ပါဝင်မှုအချိုး တန်းတူနီးပါး ရှိပါတယ်။ အခုလိုအခြေအနေဟာ ကျား မ တန်းတူညီမျှတဲ့ ကမ္ဘာကြီးကို စိတ်ကူးကြည့်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အခုအော်စကာဆုဟာလည်း တေးရေးဇနီးမောင်နှံနှစ်ဦးတို့ရဲ့ ဒုတိယမြောက်ဆုဖြစ်ပြီး သူတို့နှစ်ဦးဟာ "Frozen" ဇာတ်ကားနဲ့ ပထမဆုံး အော်စကာဆုကို ရရှိခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up