DVB Logo
Home
မြန်မာသတင်း
၅၄ နှစ်​မြောက် ရှမ်း​ပြည်တပ်မ​တော်​နေ့​ အခမ်း​အနား​ကျင်း​ပ
DVB
·
May 21, 2012
၅၄ နှစ်​မြောက် ရှမ်း​ပြည်တပ်မ​တော်​နေ့​ အခမ်း​အနား​ကျင်း​ပ
Donate to DVB

ဒီ​နေ့​ ကျ​ရောက်တဲ့​ ၅၄ နှစ်​မြောက် ရှမ်း​ပြည် တပ်မ​တော်​နေ့​ အခမ်း​အနား​ကို ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ ထိန်း​ချုပ် နယ်​မြေ​တွေမှာ ကျင်း​ပခဲ့​ပါတယ်။

[caption id="attachment_25688" align="alignright" width="300" caption="အခမ်းအနားကျင်းပနေစဉ် (photo-SSA/RCSS)"][/caption]

ရှမ်း​ပြည်တပ်မ​တော် ဗဟိုဌာနချုပ် လွိုင်တိုင်း​လျဲန်း​မှာ ဒီ​နေ့​မနက် ကျင်း​ပသွား​ခဲ့​တဲ့​ ၅၄ နှစ်​မြောက် အခမ်း​အနား​မှာ အစိုး​ရနဲ့​ သ​ဘောတူလက်မှတ် ​ရေး​ထိုး​တဲ့​အတိုင်း​ ဆက်လက်​ဆောင်ရွက်သွား​မယ်လို့​ ဒု-ဦး​စီး​ချုပ် ဗိုလ်မှူး​ကြီး​ ​ခေး​ငင်း​က အဖွင့်​အမှာစကား​ ​ပြောကြား​ခဲ့​တယ်။

ဒီအမှာစကား​မှာ ထည့်​သွင်း​ပြောဆိုခဲ့​တာကို ​ပြောခွင့်​ရသူ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ခုလို ပြန်​ပြောပြပါတယ်။

“ကျ​နော်တို့​ သ​ဘောတူညီချက်အတိုင်း​ပဲ လိုက်နာ​ဆောင်ရွက်သွား​ဖို့​ ကျ​နော်တို့​ စစ်ဦး​စီး​ချုပ်၊​ ဒုဥက္ကဋ္ဌ​တွေက မှာကြား​ထား​ပါတယ်။ အစိုး​ရနဲ့​အတူ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ ​ဆွေး​နွေး​ပွဲက​နေ ရရှိလာတဲ့​ သ​ဘောတူညီချက်​တွေကို အခမ်း​အနား​မှာ ချပြရှင်း​လင်း​ခြင်း​ ဖြစ်ပါတယ်။ စစ်​ရေး​ပြလည်း​ရှိတယ်။ ၅၄ နှစ်အတွင်း​မှာ ကျဆုံး​သွား​တဲ့​ တပ်မှူး​၊​ တပ်သား​နဲ့​ အာဇာနည် သူရဲ​ကောင်း​များ​ကို အ​လေး​ပြုကြပါတယ်။ ”

အစိုး​ရနဲ့​ ဒီလ ၁၉ ရက်​နေ့​က ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ - ရှမ်း​ပြည်တပ်မ​တော် (​တောင်ပိုင်း​)နဲ့​ အစိုး​ရပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ ကျိုင်း​တုံ​ဆွေး​နွေး​ပွဲမှာ အပစ်အခတ်ရပ်​ရေး​၊​ ဆက်ဆံ​ရေး​ရုံး​ဖွင့်​ရေး​၊​ တပ်​နေရာချထား​ရေး​အပါအဝင် ၁၂ ချက်ကို သ​ဘောတူညီခဲ့​တဲ့​အ​ပေါ် ရည်ညွှန်း​ပြောဆိုတာ ဖြစ်ပါတယ်။

အဲဒီ​ဆွေး​နွေး​ပွဲမှာ အစိုး​ရဘက်က ဒုတိယကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​စိုး​ဝင်း​ ဦး​ဆောင်ပြီး​ ရှမ်း​ပြည်တပ်မ​တော်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး​ရွက်ဆစ် ဦး​ဆောင် လက်မှတ်ထိုး​ခဲ့​တာပါ။ နှစ်ဖက် ကိုယ်စား​လှယ်​တွေက မူး​ယစ်​ဆေး​ဝါး​တိုက်ဖျက်​ရေး​ကို ပူး​တွဲလုပ်​ဆောင်ဖို့​ အချက်ကိုလည်း​ သ​ဘောတူခဲ့​ကြတာပါ။

ရှမ်း​ပြည်တပ်မ​တော်​နေ့​အခမ်း​အနား​ကို ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​၊​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက ကိုယ်စား​လှယ်​တွေ၊​ ၀ အမျိုး​သား​အဖွဲ့​ချုပ်၊​ ပအိုဝ်း​အမျိုး​သား​ လွတ်​မြောက်​ရေး​အဖွဲ့​၊​ ကရင်နီအမျိုး​သား​ တိုး​တက်​ရေး​ပါတီက ကိုယ်စား​လှယ်​တွေပါ တက်​ရောက်ခဲ့​ပြီး​ စစ်သည်နဲ့​ ပြည်သူအပါအဝင် လူ​ပေါင်း​ ၂ ​ထောင် နီး​ပါး​ တက်​ရောက်ခဲ့​တယ်လို့​ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

အလား​တူ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​ ကျိုင်း​တုံစစ်​ဒေသ လွိုင်​ကော်ဝမ်း​မှာပြုလုပ်တဲ့​ အခမ်း​အနား​မှာလည်း​ လူ​ပေါင်း​၂​ထောင်​လောက် တက်​ရောက်ခဲ့​တယ်လို့​ သိရပါတယ်။

၁၉၅၈ ခုနှစ် ​မေလ ၂၁ ရက်​နေ့​မှာ ​မောပြည်​ထောင် အဆက်အနွယ် တဦး​ဖြစ်သူ စဝ်နွဲ့​ခေါ် စဝ်​ဆောယန္တ က မျိုး​ချစ် ရှမ်း​လူငယ် ၃၁ ဦး​ နဲ့​ မိုင်း​ပန်မြို့​နယ် သံလွင်မြစ် တဘက်ကမ်း​ ​တောတွင်း​တ​နေရာမှာ ရှမ်း​လူငယ်တပ်မ​တော် အဖွဲ့​ကို စတင်တည်​ထောင်ခဲ့​တယ်။ အဲဒီ​နောက်ပိုင်း​ ရှမ်း​ပြည်တပ်မ​တော်ဟာ အင်အား​ကြီး​ လက်နက်ကိုင်တပ်ဖွဲ့​ တခုဖြစ်လာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013