DVB Logo
Home
မြန်မာသတင်း
ပေါင်း​တည်မြို့​တွင် စည်ပင်က အဓမ္မလုပ်အား​ပေး​ ခိုင်း​စေ
DVB
·
May 21, 2012
Donate to DVB

ပဲခူး​တိုင်း​ဒေသကြီး​ ​ပေါင်း​တည်မြို့​မှာ မြို့​နယ်စည်ပင်သာယာက မြို့​ခံလူထုကို အဓမ္မလုပ်အား​ပေး​ ခိုင်း​စေ​နေတယ်လို့​ မြို့​ခံတဦး​က ​ပြောပြပါတယ်။

လွန်ခဲ့​တဲ့​ ၁၄ ရက်​နေ့​က မြို့​နယ်စည်ပင်သာယာက အိမ်​တွေ​ရှေ့​မှာ တ​ပေခွဲအနက်၊​ သုံး​ပေအကျယ် ​မြောင်း​တွေ မတူး​မ​နေရ တူး​ဖော်ကြဖို့​ စာပို့​ခဲ့​ပြီး​ မလုပ်တဲ့​သူ​တွေကို ဥပ​ဒေပုဒ်မ ၂၀-ဂ နဲ့​အ​ရေး​ယူမယ်လို့​ သတိ​ပေး​ထား​ပါတယ်။

ကိုယ့်​အိမ်​ရှေ့​ကို ကိုယ်​မြောင်း​တူး​ခိုင်း​တာ မှန်​ပေမယ့်​ ဒီအလုပ်ဟာ စည်ပင်သာယာကို အခွန်အခ​ပေး​ထား​ပြီး​မို့​ စည်ပင်သာယာက လုပ်​ဆောင်ရမယ့်​ အလုပ်ဖြစ်တယ်လို့​ မြို့​ခံက ​ပြောပါတယ်။

ဒီကိစ္စနဲ့​ ပတ်သက်လို့​ သူကိုယ်တိုင် မြို့​နယ်စည်ပင်သာယာရုံး​ကို သွား​ရောက် အ​ရေး​ဆိုခဲ့​ရာမှာ တာဝန်ကျစည်ပင်ဝန်ထမ်း​က ဒီဥပ​ဒေဟာ ၁၉၉၅ ခုနှစ်က ထုတ်ပြန်ထား​တဲ့​ ဥပ​ဒေဖြစ်တဲ့​အ​ကြောင်း​ ပြန်လည်ရှင်း​ပြတယ်လို့​ ဆိုပါတယ်။

“အဲဒါကို ကျ​နော်သွား​ပြော​တော့​ ဒီဥစ္စာက ၁၉၉၅ ခုနှစ်က ပြန်လည်ပြင်ဆင်ထား​တဲ့​ဥပ​ဒေပါတဲ့​။ ကျ​နော်က ​ပြောလိုက်တယ်။ ဒီဥစ္စာ​တွေက ခင်ဗျား​တို့​လုပ်ရမှာ ဖြစ်တယ်။ ဥပ​ဒေအရ ဒါကြီး​ကို အတင်း​အကျပ် လုပ်ရမယ်ဆိုတာက မိအိုဖအို အဖွား​အို​တွေ ရှိ​နေတဲ့​အိမ်​တွေမှာ ဘယ်လိုလုပ်မလဲ။ တကယ်လည်း​ရှိတယ်။ ဒီမှာ အိမ်ခွန်၊​ ​မြေခွန်၊​ ခြံခွန်​တွေ စသည်ဖြင့်​ စည်ပင်ကို ​ပေး​ထား​တာကို။”

ကုလသမဂ္ဂက ပြဋ္ဌာန်း​ထား​တဲ့​ အဓ္မလုပ်အား​ခိုင်း​စေမှုဆိုတဲ့​ အဓိပ္ပာယ် သတ်မှတ်ချက်မှာ ဘယ်အလုပ်ကိုမဆို ဆန္ဒမပါဘဲ လုပ်ရတာ၊​ ခိုင်း​တဲ့​အတိုင်း​ လိုက်မလုပ်ရင် ဒါမှမဟုတ် ပူး​ပေါင်း​ဆောင်ရွက်မှုမလုပ်ရင် တစုံတရာ​သော ပြစ်ဒဏ်ခံရမယ်ဆိုတဲ့​ ခြိမ်း​ခြောက်မှု​အောက်မှာ လုပ်​ဆောင်​ပေး​ရခြင်း​လို့​ သတ်မှတ်ထား​ပါတယ်။

အဲဒီအထဲမှာ မြို့​ပြအုပ်ချုပ်​ရေး​ အာဏာပိုင်​တွေအတွက်၊​ စစ်ဘက် အာဏာပိုင်​တွေ၊​ ပုဂ္ဂလိကလုပ်ငန်း​ရှင်​တွေအတွက် လုပ်ရတဲ့​အလုပ်​တွေနဲ့​ ၁၈ နှစ်​အောက် အရွယ်​တွေကို လက်နက်ကိုင်တပ်​တွေမှာ ထည့်​သွင်း​ခြင်း​တို့​ ပါဝင်ပါတယ်။

အိမ်​ရှေ့​မြောင်း​တူး​ခိုင်း​တဲ့​ ကိစ္စနဲ့​ပတ်သက်လို့​ မြို့​နယ်စည်ပင်သာယာရုံး​ကို ဆက်သွယ်​မေး​မြန်း​ဖို့​ ကြိုး​စား​ရာမှာ ဦး​စီး​အရာရှိက တာဝန်ရှိသူ အစည်း​အ​ဝေး​ထိုင်​နေတယ်လို့​ ​ဖြေဆိုပါတယ်။

မြန်မာအစိုး​ရနဲ့​ ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ်အကြား​ အဓမ္မလုပ်အား​ခိုင်း​စေမှု ပ​ပျောက်​ရေး​ သ​ဘောတူညီချက်ရှိပြီး​ သမ္မတဦး​သိန်း​စိန်က ၂၀၁၅ ခုနှစ်မတိုင်ခင် အဓမ္မလုပ်အား​ခိုင်း​စေမှုပ​ပျောက်​အောင် ​ဆောင်ရွက်မယ်လို့​ လူသိရှင်ကြား​ ထုတ်​ပြောထား​ပါတယ်။

မကြာ​သေး​ခင်ကပဲ အိုင်အယ်လ်အိုအကြီး​အကဲ မြန်မာပြည်ကို လာ​ရောက်စဉ်တုန်း​က တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဒုတိယ ဗိုလ်ချုပ်မှူး​ကြီး​ မင်း​အောင်လှိုင်နဲ့​ ​တွေ့​စဉ်မှာ ကာကွယ်​ရေး​ဦး​စီး​ချုပ်က အဓမ္မခိုင်း​စေမှု ပ​ပျောက်​ရေး​ကို ​ဆောင်ရွက်မယ့်​အပြင် တပ်မ​တော်သား​တွေက အဓမ္မခိုင်း​စေမှု လုပ်ရင် အရပ်ဘက်ဥပ​ဒေ​တွေအတိုင်း​ အ​ရေး​ယူ​ဆောင်ရွက်ဖို့​ သ​ဘောတူ ​ဆောင်ရွက်​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013