တောင်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့ သွားမည်

တောင်ကိုရီးယား အရာရှိတွေပါတဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယား နိုင်ငံကို တနင်္လာနေ့ သွားရောက်မယ်လို့ သိရပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား အစိုးရကြား ဆွေးနွေးပွဲ ဖြစ်နိုင်ချေနဲ့ ကိုရီးယား ကျွန်းဆွယ်အတွင်း ဆက်ဆံရေးတိုးတက်ဖို့ ဆွေးနွေးမယ်လို့ တောင်ကိုရီးယား သမ္မတ အိမ်ပြာတော်က မတ်လ ၄ ရက်နေ့မှာ ကြေညာပါတယ်။ မြောက်ကိုရီးယားကို ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်ပြီးရင် အထူးသံတမန် အဖွဲ့ဟာ အမေရိကန်နိုင်ငံကို သွားပြီး မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးခဲ့တဲ့ အကျဉ်းချုပ် အချက်အလက်တွေကို အမေရိကန် အရာရှိတွေဆီမှာ ရှင်းပြမှာပါ။ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို အမျိုးသား ထောက်လှမ်းရေးဌာန (NIS) အကြီးအကဲ ဆို့ဟွန်းနဲ့ အမျိုးသား လုံခြုံရေး ရုံး (NSO) အကြီးအကဲ ချုံအွီယုံ တို့က ဦးဆောင်မှာပါ။ အရင်လက ဆောင်းရာသီ အိုလံပစ်ပွဲအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အမ ကင်မ်ယိုဂျုံးက တောင်ကိုရီးယားကို လာရောက်လည်ပတ်အပြီးမှာ တုံ့ပြန် လည်ပတ်တာလို့ တောင်ကိုရီးယား သမ္မတရဲ့ အကြီးတန်း လူထုဆက်ဆံရေး အတွင်းရေးမှူးက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up