မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံများ ချီးကျူး
DVB
·
May 21, 2012

ဂျီ ၈ လို့ ခေါ်တဲ့ ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံရဲ့ အစည်းအဝေးမှာ မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်ပေါ်အောင် ဆောင်ရွက်နေကြတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးလိုက်သလို နောက်ထပ် အထောက်အပံ့တွေ ပေးဖို့ကို ကတိပြုလိုက်ပါတယ်။
[caption id="attachment_25670" align="alignleft" width="300" caption="ကမ္ဘာ့စက်မှုထိပ်သီး အစည်းအဝေး"]
[/caption]
လက်ရှိ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေအပေါ်မှာ ထောက်ခံတဲ့အကြောင်းနဲ့ အရှိန်မပျက် ရှေ့သွားပြီး၊ နောက်ပြန်မလှည့်ဖို့ အမေရိကန် အပါအဝင် ဂျီရှစ် အဖွဲ့ဝင်နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။
အထူးသဖြင့် တိုင်းရင်းသားဒေသတွေ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အခြေခိုင်မာရေး လုပ်ဆောင်ချက်တွေကို ထောက်ခံသွားမယ်လို့ အဖွဲ့က ဆိုပါတယ်။
မြန်မာပြည်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အကူအညီတွေကို မြန်မာပြည်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေရှိနေတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့တွေကဆင့် တိုးမြှင့်လုပ်ဆောင်သွားမယ့် အကြောင်း ဂျီရှစ် ရဲ့ ကြေညာချက်က ဆိုပါတယ်။
အခု မှတ်ချက်မတိုင်ခင်မှာလည်း အမေရိကန်သမ္မတ အိုဘားမားကလည်း လက်ရှိ မြန်မာပြည်က ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ဒီအတိုင်း ဆက်သွားဖို့တိုက်တွန်းခဲ့ပြီး၊ အမေရိကန်ဘက်က ဒီဖြစ်စဉ် ရှေ့ဆက်နိုင်အောင် အားပေးဖို့ဆိုရင် ဘာမဆို လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။
