DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​မြို့​တွင် လျှပ်စစ်မီး​ပုံမှန်ရရှိ​ရေး​ ​တောင်း​ဆိုဆန္ဒပြ
DVB
·
May 21, 2012
မန္တ​လေး​မြို့​တွင် လျှပ်စစ်မီး​ပုံမှန်ရရှိ​ရေး​ ​တောင်း​ဆိုဆန္ဒပြ
Donate to DVB

မန္တ​လေး​မြို့​မှာ လျှပ်စစ်မီး​ ပုံမှန်ရရှိ​ရေး​အတွက် မြို့​ခံ​တွေဟာ ဖ​ယောင်း​တိုင်ထွန်း​ပြီး​ မ​နေ့​ညက ငြိမ်း​ချမ်း​စွာ ဆန္ဒထုတ်​ဖော်ခဲ့​ကြပါတယ်။

လျှပ်စစ်မီး​ ပုံမှန်ရရှိ​ရေး​အတွက် မန္တ​လေး​မြို့​ခံ ရာ​ပေါင်း​များ​စွာဟာ ထွန်း​ညှိထား​တဲ့​ ဖ​ယောင်း​တိုင်မီး​တွေကို ကိုင်​ဆောင် စု​ဝေး​လမ်း​လျှောက်ပြီး​ မြို့​ပေါ် ဆု​တောင်း​ဆန္ဒ​ဖော်ထုတ်ခဲ့​ကြပါတယ်။

တ​နေ့​ကို လျှပ်စစ်မီး​ ၆ နာရီ​ပေး​မယ်လို့​ ကတိစကား​ရှိ​ပေမယ့်​ ၆ နာရီ မလာတဲ့​အတွက် မီး​ကို အမှီပြုတဲ့​ အဓိကအား​ဖြင့်​ ​သောက်​ရေသုံး​ရေ ပြတ်လပ်မှု​ကြောင့်​ မီး​ပုံမှန်လာ​ရေး​အတွက် အခုလို ငြိမ်း​ချမ်း​စွာ ဆု​တောင်း​ဆန္ဒ ​ဖော်ထုတ်တာလို့​ ဆန္ဒ​ဖော်ထုတ်သူ ဦး​မြင့်​အောင်မိုး​က ​ပြောပါတယ်။

“မန္တ​လေး​မှာ မီး​တွေက ဧပြီ​လောက်ကတည်း​က ပုံမှန်မလာတာ ကြာပြီဗျ။ မီး​မလာတဲ့​အတွက် အဝီစိတွင်း​က ​ရေလည်း​ တင်လို့​မရ​တော့​ဘူး​။ မီး​လာ​တော့​လည်း​ မီး​အား​မပြည့်​တဲ့​အတွက် ​ရေတင်လို့​မရ​တော့​ ​နေ့​စဉ်သုံး​စွဲ ချက်ပြုတ်ဖို့​၊​ အဝတ်အစား​တွေ​လျှော်ဖို့​၊​ ဒါမျိုး​ကိစ္စ​တွေမှာ အိမ်ရှင်မ​တွေ​ရော အကုန်လုံး​ ဒုက္ခ​ရောက်ကြရတယ်။ တရက်ကို ၆ နာရီ အပြည့်​အဝ ​ပေး​မယ် တရား​ဝင် ​ကြေညာထား​ပြီး​ ၆နာရီ အပြည့်​လည်း​ မရဘူး​။ အဲ့​အတွက် ကျ​နော်တို့​ အပြည့်​အဝရဖို့​အတွက် ဆု​တောင်း​ရင်း​နဲ့​ ဆန္ဒထုတ်​ဖော်ကြတာ​ပေါ့​။”

အစပိုင်း​မှာ လူအင်အား​ ၂၀၀ ​လောက်နဲ့​စပြီး​ ဆု​တောင်း​ပွဲပြုလုပ်ရာက​နေ ​နောက်ပိုင်း​ လူအင်အား​ ​ထောင်နဲ့​ချီ ဖြစ်လာတယ်လို့​ သူက ​ပြောပါတယ်။

နောက်ထပ် ဆန္ဒ​ဖော်ထုတ်သူ ၂၀၀ ​လောက်ကလည်း​ မန္တ​လေး​တိုင်း​ဒေသကြီး​ လျှပ်စစ်ဓာတ်အား​ ဖြန့်​ဖြူး​ရေး​လုပ်ငန်း​ အင်ဂျင်နီယာရုံး​ကို ပတ်ပြီး​ လျှပ်စစ်မီး​ ပုံမှန်ရရှိ​ရေး​အတွက် ငြိမ်း​ချမ်း​စွာ ဖ​ယောင်း​တိုင်မီး​ထွန်း​ ဆန္ဒထုတ်​ဖော် စီတန်း​လမ်း​လျှောက်ခဲ့​ကြပါတယ်။

“အစက​တော့​ ကျ​နော်တို့​ အင်အား​ အ​ယောက် ၂၀၀ ​လောက်ပဲ။ ​နောက်ပိုင်း​မှာ မီး​ဒုက္ခ ခံစား​နေရတဲ့​ မိဘပြည်သူ​တွေပါ ဝိုင်း​ဝန်း​ပြီး​တော့​ ပူး​ပေါင်း​လာတဲ့​အခါမှာ လူအင်အား​ ၃၀၀၀ ​လောက် ဖြစ်သွား​တယ်ခင်ဗျ။ ကျ​နော်တို့​အဖွဲ့​က​တော့​ သီး​သန့်​ ငြိမ်သက်စွာထိုင်ပြီး​ ဆု​တောင်း​တဲ့​အဖွဲ့​ပါ။ ကျန်တဲ့​အဖွဲ့​က​တော့​ ဆိုင်ကယ်​တွေပါမယ်၊​ ဖ​ယောင်း​တိုင်မီး​ကိုင်ပြီး​ လမ်း​လျှောက်တဲ့​အဖွဲ့​လည်း​ ရှိပါတယ်။”

ဒါ့​အပြင် ဒီဆန္ဒပြမှုအတွင်း​ လက်မှတ်ထိုး​လှုပ်ရှား​မှု​တွေလည်း​ ပြုလုပ်ခဲ့​တယ်လို့​ ​ပြောပါတယ်။ ဒီလို လူအစုအ​ဝေး​နဲ့​ စီတန်း​လမ်း​လျှောက်တာကို အရင် အစိုး​ရလက်ထက်​တွေတုန်း​က ခွင့်​မပြု​ပေမယ့်​ ဒီဆန္ဒထုတ်​ဖော်ပွဲကို​တော့​ အ​နှောင့်​အယှက်မရှိ လုပ်​ဆောင်နိုင်ကြပါတယ်။

မန္တ​လေး​မြို့​ လျှပ်စစ်ရုံး​က တာဝန်ရှိသူတဦး​ဖြစ်တဲ့​ ဦး​သိန်း​ဇော်က ဒီလို လျှပ်စစ်မီး​အချိန်မှန် မ​ပေး​နိုင်တာဟာ ရာသီဥတု​ကြောင့်​ဖြစ်သလို ​ရွှေလီမှာရှိတဲ့​ လျှပ်စစ်တာဝါတိုင် ပျက်စီး​သွား​တဲ့​အတွက် ဓာတ်အား​ဖြန့်​ဝေရာမှာ အခက်အခဲ ဖြစ်တာလို့​ ​ပြောပါတယ်။

“ဓာတ်အား​ထုတ်လုပ်မှု ​လျော့​နည်း​လို့​ ဖြစ်ရတာပါ။ ဓာတ်အား​ထုတ်လုပ်မှု ​လျော့​နည်း​တယ်ဆိုတာက ​လေတိုက်ခြင်း​၊​ ​လေပြင်း​တိုက်ခြင်း​၊​ သဘာဝ​တွေ ရှိပါတယ်ဗျာ။ အဲ့​လို သဘာဝ​တွေရှိတဲ့​အတွက် ဓာတ်အား​တွေ ​လျော့​ပါတယ်။ ​ရေနည်း​တဲ့​အခါ ဓာတ်အား​တွေ ​လျော့​ပါတယ်။ ​နောက်တခု ​ရွှေလီမှာ တာဝါတိုင် ပြိုသွား​ပါတယ်။ ဓာတ်အား​ပြတ်သွား​လို့​ရှိရင် မဂ္ဂါဝပ် ၁၀၀၊​ ၂၀၀ နည်း​သွား​တတ်ပါတယ်။ အဲ့​အခါ ဓာတ်အား​တွေ ဖြန့်​ဝေတဲ့​နေရာမှာ အခက်အခဲ ဖြစ်ပါတယ်။”

ဒီ​နေ့​ရေး​သား​တဲ့​ ​ရွှေမြစ်မခ သတင်း​မှာ​တော့​ ဆန္ဒပြပွဲဖြစ်တဲ့​ တနင်္ဂ​နွေ​နေ့​ ညတွင်း​ချင်း​မှာပဲ မန္တ​လေး​တိုင်း​ လျှပ်စစ်ရုံး​ဝင်း​မှာ အ​ရေး​ပေါ် သတင်း​စာ ရှင်း​လင်း​ပွဲပြုလုပ်ပြီး​ မန္တ​လေး​တိုင်း​ဒေသကြီး​ လျှပ်စစ်နှင့်​ စက်မှုလက်မှု ဝန်ကြီး​ ​ဒေါက်တာမြင့်​ကြူက လျှပ်စစ်မီး​ကို ညီတူညီမျှရ​အောင် လုပ်​ပေး​မှာဖြစ်ပြီး​ အဆင်​ပြေ​အောင် မလုပ်​ပေး​နိုင်ရင် ရာထူး​က နုတ်ထွက်မယ်လို့​ ​ပြော​ကြောင်း​ ​ဖော်ပြထား​ပါတယ်။

မန္တ​လေး​မြို့​မှာ ဧပြီလကစပြီး​ မီး​တွေ ပုံမှန်မရတဲ့​အတွက် မြို့​ခံ​တွေက ဆန္ဒပြ ​တောင်း​ဆိုတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013