A d v e r t i s e m e n t With Us

ဟတ်ဒါဖီးလ်ကို အနိုင်ယူပြီး စပါးအသင်း အဆင့် ၄ တွင် ဆက်လက်ရပ်တည် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းက ဟတ်ဒါဖီးလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ စပါးအသင်းဟာ နည်းပြ ပိုချက်တီနိုရဲ့ အကောင်းဆုံး ကိုင်တွယ်မှုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် ပရီးမီးယားလိဂ် ထိပ်သီး ၄ သင်းစာရင်းထဲပါရေး ကြိုးစားနေတာလည်းဖြစ်ပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုမှာ ၇၅ ရာခိုင်နှုန်းနဲ့ ဟတ်ဒါဖီးလ်ကို အပြတ်အသတ်အသာစီးယူကစားပြီး အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ စပါးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၂၇ နဲ့ ၅၄ မိနစ်တွေမှာ ဟောင်မင်စွန် တဦးက ၂ ဂိုးလုံး သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် စပါးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၅၈ မှတ်နဲ့ အဆင့်လေးမှာ ရပ်တည်နေပြီး အဆင့် ၅ နေရာက ချဲလ်ဆီးက တပွဲလျော့ ရမှတ် ၅၃ မှတ်နဲ့ ၅ မှတ် ကွာဟာနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီနေ့ညမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဟတ်ဒါဖီးလ်ဒ်ဟာ တန်းဆင်းဇုန်က လွတ်ကင်းရေး အမှတ်မဆုံးရှုံးအောင် ကြိုးစားရုန်းကန်ခဲ့ပေမယ့် ဒီပွဲမှာ အိမ်ရှင် စပါးအသင်းကို မယှဉ်နိုင်ဘဲ အရှုံးပေးခဲ့ရတာပါ။ ဟတ်ဒါဖီးလ်အသင်းကတော့ လက်ရှိမှာ ရမှတ် ၃၀ မှတ်နဲ့ တန်းဆင်းဇုန် ထိပ်ဆုံးက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ၃ မှတ်သာ ကွာဟပါတော့တယ်။

A d v e r t i s e m e n t With Us

More News
Up